News:Regime leader vows to hold re-election and hand over power to winning party.
ꓟꓯ; ꓜꓲ: ꓟꓰ,-ꓮꓳ-ꓡ ꓠꓬ ꓠꓬꓲ ꓠꓬꓲ ꓟꓶ; ꓘꓶ; 8 ꓙꓵ, ꓗꓪ ꓡꓳ: ꓟꓲ: ꓟꓵ: ꓔꓦ channel ꓗꓪ ꓐꓰ ꓑ ꓫꓬ: ꓐꓴ ꓔꓯ ꓬꓲ. ꓪꓴ. ꓫ ꓕꓱ ꓡ ꓡꓳ=ꓬꓲ. ꓐꓯ ꓟ ꓠꓬ꓾
-2020 ꓘꓳ; ꓟꓯ, ꓢꓲ ꓔꓯ ꓡꓯ ꓘꓳ ꓟ ꓗꓪ ꓟ: ꓔꓱ, ꓟ ꓚꓱ, ꓗꓪ ꓐꓰ ꓠꓡꓓ ꓑ ꓔꓲ ꓧꓪ.ꓡꓰ ꓟ ꓑꓶ. ꓓꓴ ꓙꓵ: ꓪ ꓙꓳ ꓢꓴ ꓔꓯ ꓒꓶ ꓫꓬ: ꓖꓶ: ꓡ ꓠ, ꓟ ꓓꓰ: ꓟꓲ ꓟ ꓒꓶ ꓫꓬ: ꓖꓶ: ꓡ ꓠꓬꓲ ꓟ: ꓓ ꓟ: ꓞ ꓙꓵ: ꓪ ꓣꓴ ꓗꓷ ꓟ ꓥ ꓡꓳ ꓐꓰ ꓐꓯ ꓡꓳ=
-ꓝꓮꓲ ꓕꓲ: ꓧꓪ, ꓟꓯ, ꓢꓲ ꓑꓮꓲ ꓬꓰ ꓢꓲ ꓧꓪ. ꓡꓰ ꓢꓴ ꓔꓯ ꓙꓵ: ꓪ ꓡꓯ; ꓙꓱ ꓓꓴ ꓥꓳ ꓐꓰ ꓐꓯ ꓡꓳ=
-Corona N ꓫꓵ: ꓔꓯ ꓡꓯ; ꓫꓵ ꓗ ꓠ, ꓟ ꓢꓯ; ꓕꓵ; ꓓꓴ ꓥꓳ ꓐꓯ ꓡꓳ= ꓕꓲ: ꓗꓴꓷ; ꓡꓱ.; ꓗꓪ ꓢꓲ ꓡꓲ ꓡꓲ, ꓠ, ꓟ ꓢꓯ; ꓕꓵ; ꓓꓴ ꓥꓳ ꓐꓯ ꓡꓳ=
-2008 ꓘꓳ; ꓗꓴꓷ; ꓙꓵ: ꓚꓱ, ꓔꓯ ꓡꓯ; ꓫꓵ ꓫ ꓒꓵ: ꓓꓴ ꓥꓳ ꓐꓯ ꓡꓳ=
-ꓦ ꓡꓱ ꓚꓱ, ꓐꓰ ꓗꓴ, ꓙꓲ: ꓙꓳ ꓟ ꓦꓲ ꓔꓯ ꓒꓴ ꓖꓶ: ꓙꓰ ꓥꓳ ꓐꓯ ꓡꓲ=
-ꓗꓴꓷ; ꓙꓵ: ꓚꓱ, ꓔꓯ ꓟ: ꓘꓶ ꓡꓶ: ꓠꓬ Phone Line ꓔꓯ ꓡꓯ; ꓫꓵ ꓒꓴ ꓖꓶ: ꓓꓴ ꓥꓳ ꓐꓯ ꓡꓳ=
-ꓐꓲ-ꓖ-ꓡ-ꓓꓰ; ꓗꓪ ꓔꓬ ꓟ ꓟꓯ; ꓛꓰ ꓐꓴ ꓔꓯ ꓠꓬꓲ: ꓗꓴꓷ; ꓗꓪ ꓟ ꓪꓴ. ꓓꓵ ꓐꓴ ꓖꓪ ꓙꓱ ꓢꓲ ꓡꓯ; ꓫꓵ ꓬꓰ ꓙ ꓓꓴ ꓥꓳ ꓐꓯ ꓡꓳ=
ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမယ်လို့ စစ်အစိုးရခေါင်းဆောင်ပြော
■ တပ်မတော် အာဏာသိမ်းပြီး ရှစ်ရက်မြောက်တဲ့ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့မှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့အထဲက ကောက်နုတ်ချက်တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ဥပဒေနဲ့ အညီ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမပေးခဲ့တဲ့အတွက် စစ်အာဏာသိမ်းရတာဖြစ်ကြောင်း၊
- ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းထားပြီး အရေးပေါ်ကာလပြီးဆုံးတာနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမှာဖြစ်ကြောင်း၊
- ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊
- အရင်အစိုးရ သဘောတူခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊
- တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊
- နိုင်ငံခြားရေးမူဝါဒကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊
- ဘာသာရေး အဆောက်အအုံတွေ ဖွင့်ပေးထားပြီဖြစ်ပြီး၊ ကျောင်းတွေကို မကြာခင်အချိန်မှာ ပြန်ဖွင့်ပေးတော့မည်ဖြစ်ကြောင်း၊
- တရားဥပဒေစိုးမိုးရေး မထိခိုက်ရင် ဆက်သွယ်ရေးလိုင်းတွေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
- ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-------------------
ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမယ်လို့ စစ်အစိုးရခေါင်းဆောင်ပြော
Source From RFA Burmese