၂၀၂၀ ရွေးကောက်ခံလွှတ်တော်အမတ်များကို ကြပ်မတ်ရေး စစ်ကောင်စီ၏လျှို့ဝှက်အမိန့်ထွက်ပေါ်

မြန်မာနိုင်ငံအတွင်း ရှိနေသေးသော ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား ရဲတပ်ဖွဲ့နှင့် တရားစွဲအဖွဲ့အစည်းများမှ ခေါ်ယူပြီး CRPH, NUG, PDF များနှင့် ပတ်သက်ခြင်းရှိ မရှိ မေးမြန်းပြီး မရှိပါက ဝန်ခံကတိလက်မှတ်ထိုးရန်၊ ပါဝင်ပါတ်သက်မှုရှိပါက အရေးယူရန် အကြမ်းဖက်စစ်ကောင်စီရုံးမှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဇွန်လ ၁၁ ရက် ရက်စွဲဖြင့် လျှို့ဝှက်ညွှန်ကြားလိုက်ပါတယ်။

ယခုညွှန်ကြားစာတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအား ယခု စစ်ကောင်စီ၏ ညွှန်ကြားစာတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိသေးသော ပုဂ္ဂိုလ်များဟု သုံးနှုံးထားပြီး CRPH, NUG တို့နှင့် ဆက်သွယ်လုပ်ကိုင်မှုမရှိစေရန် အကြပ်ကိုင်ခြိမ်းခြောက်ထား ပါတယ်။

၇ ရက်အတွင်း လာရောက်သတင်းပို့သည့်သူများရှိပါက ၎င်းတို့၏ သတင်းပို့မှုနှင့် ရပ်တည်မှုအခြေအနေများကို အများပြည်သူသိရှိအောင် သတင်းထုတ်ပြန်ရန် ပြန်ကြားရေးဝန်ကြီးဌာကကို အလားတူညွှန်ကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *