ꓕꓸ-ꓕꓯꓼ-ꓕꓯꓼ ꓐꓹ ꓐꓽ ꓫꓵꓻꓳ

ꓮ ꓟꓶ ꓑ ꓫꓬꓼ ꓙꓵꓽ ꓪ ꓦꓴ ꓟꓯꓼ ꓔꓯ ꓔꓳꓹ ꓡꓯ ꓘꓳ ꓓꓴ ꓢꓲꓹ ꓠꓯ ꓗꓪ ꓟꓯꓼ ꓬꓰ ꓔꓬ ꓟ꓾ ꓧꓶꓸ ꓕꓯ ꓒꓬꓱꓽ ꓐꓲ ꓖꓪ ꓜꓳ ꓢꓴ ꓡꓯꓼ ꓫꓴ ꓟꓶ ꓔꓸ ꓟ ꓤ ꓟꓶꓼ ꓡꓯꓸ ꓕꓸ-ꓕꓯꓼ-ꓕꓯꓼ (Htar Thet Thet) ꓐꓹ ꓐ ꓠꓬ ꓠꓬꓲꓸ ꓠꓬꓲ 7 ꓦ 26 ꓠꓬꓲ ꓕꓯ ꓫꓵꓻꓳ ꓐꓯ ꓡꓳ꓿

“ꓮ ꓡꓲ ꓔꓸ ꓠꓲ ꓠꓴ ꓤ ꓟꓶꓼ ꓥꓪ ꓔꓯ ꓟꓽ ꓡꓳꓸ ꓠꓬꓹ ꓥꓻꓰ꓾ ꓮ ꓐꓽꓳ” ꓐꓰ ꓠꓲꓹ ꓥꓴ ꓟꓬ ꓥꓴ ꓮ ꓫꓸ ꓙꓶ ꓘꓶꓽ ꓐꓳ ꓔ ꓡꓳ꓿

ꓟꓬ-ꓟ ꓕꓳ ꓶ ꓵꓺ ꓐ ꓡ ꓢꓴ ꓐꓱ ꓶ ꓕꓸ-ꓕꓯꓼ-ꓕꓯꓼ ꓡꓰ ꓐꓳ ꓔ ꓟ ꓕꓱ ꓗꓪ ꓵꓺ ꓪ ꓓ ꓡꓳ꓿

ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကိုထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့အရာရာ 😭😭😭
ဖေဖေ့ကို အဆက်အသွယ်မလုပ်တာ ၄ လရှိပြီ။
ဖေဖေနဲ့စကားမပြောရတာ ၄ လရှိပြီ။
ဖေဖေ့မျက်နှာမမြင်ရတာ ၄ လရှိပြီ။
ဖေဖေနေကောင်းကျန်းမာရဲ့လား ဘာလိုအပ်တာရှိလဲ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။
ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ဗိုက်နာလို့နေမကောင်းဘူးကြားတော့ အရမ်းသတိရစိတ်ပူလို့ စကားပြောချင် တွေ့ချင်လို့ ဖြစ်ချင်ရာဖြစ် ဖုန်းခေါ်မယ် စကားပြောမယ်လို့ ချိန်းထားတာ ဒီနေ့လေ ဘာလို့ဒီနေ့မှ စကားတောင်မပြော မြင်ခွင့်တောင်မရပဲ သမီးကိုထားခဲ့ရတာလဲ။
ဖေ့သမီးလေးအတွက်ဂုဏ်ယူနေပေမယ့် တောထဲမှာအနေအစားဆင်းရဲပင်ပန်းတာကို နှမြောပြီး စိတ်မကောင်းဖြစ်နေတယ် ပြောတယ်ဆို။ 😭😭😭
သမီးက မီးမရှိ အင်တာနက်မရတဲ့နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာသွားသုံးရတာလေ ဒီနေ့မနက်ပိုင်း အင်တာနက်ရတဲ့နေရာမသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေပြောမလို့လုပ်နေတာလေ အဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။
ဖေဖေ့ဘဝအကြောင်းစာအုပ်ထုတ်ချင်တယ် ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တနေ့တမျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။ ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။ ခရီးတူတူသွားဖို့ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစုလိုက်တူတူသွားဖို့ သမီးစီစဉ်လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။ မိသားစုဓာတ်ပုံကောင်းကောင်းရိုက်ချင်လို့ ဆိုင်ကိုမသွားချင်ဘူးဆိုလို့ အိမ်မှာပဲသေချာခေါ်ရိုက်မလို့ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်။ သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကိုကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။ သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး။ သမီးဘယ်လိုခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကိုစောင့်မယ်ဆို။ သမီးဘယ်လိုမှမဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီးတခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင် တခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ။ အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်းရဲ့လား မင်းသားဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်တွေလျှောက်လုပ်မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကို ပြောရမှာလဲ ဖေရယ်။ ဖေပြန်လာပေးတာပဲလိုချင်တယ်။ သမီးမှာစကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။ ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။ ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့ 😭😭😭 သမီးကို မထားခဲ့ပါဲနဲ့နော်

26 July 2021
(Monday)

Leave a Reply

Your email address will not be published. Required fields are marked *