ကေအန်ယူ တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုများကနေ ပြေးရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်များက မတ်လ ၂၉ ရက်နေ့က ပြန်လည်နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်များက တောတောင်များမှာပုန်းခိုနေရပြီး၊ စားနပ်ရိက္ခာအခက်အခဲများ၊ လုံခြုံရေးအခက်အခဲများ ကြုံနေရပါတယ်။