International

the world bank နှင့် Asian Development Bank မြန်မာအတွက် အထောက်အပံ့ဆိုင်းငံ့

By TheLisuTimes

March 29, 2021

(World Bank and Asian Development bank stops helps to Myanmar.)

စစ်တပ်အာဏာသိမ်းမှု နဲ့ ပြည်သူပြည်သားကို သတ်ဖြတ်နေတာကြောင့် ကမ္ဘာ့ဘဏ် နဲ့ ADB တို့က မြန်မာအတွက် ဒေါ်လာ သန်းပေါင်းများစွာသော အထောက်အပံ့တွေကို ဆိုင်းငံ့လိုက်ပါတယ်။

ကမ္ဘာ့ဘဏ် (the World Bank) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အထောက်အပံ့တွေအားလုံး ထိန်းချုပ်လိုက်ပြီးနောက်၊ မတ်လ ၁၀ ရက်နေ့မှာတော့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဘဏ်လည်း မြန်မာနိုင်ငံအတွင်း အထောက်အပံ့လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂.၇ ဘီလီယံတန် လုပ်ငန်းတွေရှိနေပြီး၊ ADB ဘဏ်က ဒေါ်လာ ၃ ဘီလီယံတန် လုပ်ငန်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။