History

Silent Strike

By TheLisuTimes

March 23, 2021

ကျဆုံးသွားသော ဒီမိုကရေစီသူရဲကောင်းများကို အလေးပြုခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မတ်လ ၂၄ ရက်နေ့မှာ မြန်မာပြည်သူလူထုက Silent Strike (တိတ်ဆိတ်ခြင်းဖြင့် ဆန္ဒပြပွဲ) ဆင်နွှဲမှာဖြစ်တယ်လို့ သိရပါတယ်။

“တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံး ဟစ်ကြွေးသံဖြစ်သည်” ဆိုတဲ့ Silent Strike ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

တိတ်ဆိတ်ခြင်းဖြင့်ဆန္ဒပြပွဲမှာနေ့မှာ City mart, Makro, Kantharyar Shopping Centre အစရှိတဲ့ စူပါမားကတ်တွေ ဈေးဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တစ်နေ့တာ ဝန်ဆောင်မှုပိတ်ထားမှာ ဖြစ်ကြောင်း ကြေညာနေသလို၊ ရန်ကုန်မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ပုံမှန်အတိုင်းလှုပ်ရှားသွား လာနိုင်တယ်လို့ စစ်ကောင်စီလက်ပါးစေတို့က အသံချက်စက်နဲ့ ကြေညာနေပါတယ်။