Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
R2P ဝင်သင့်တဲ့ ဦးစားပေး နံပါတ် (၁) နိုင်ငံအဖြစ် မြန်မာကို ဖော်ပြလာ

News

R2P ဝင်သင့်တဲ့ ဦးစားပေး နံပါတ် (၁) နိုင်ငံအဖြစ် မြန်မာကို ဖော်ပြလာ

By TheLisuTimes

March 18, 2021

မတ်လ ၁၇ ရက်နေ့က Global Centre for Responsibility to Protect ကအပတ်စဉ်ထုတ်ဝေတဲ့ ရက်စက်ယုတ်မာမှု သတိပေးချက် (Atrocity Alert) ထုတ်ပြန်ချက်ထဲမှာ R2P ဝင်သင့်တဲ့ ဦးစားပေး နံပါတ် (၁) နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဖော်ပြလိုက်ပါတယ်။

အရေးပေါ် R2P ဝင်သင့်တဲ့ နိုင်ငံသုံးနိုင်ငံစာရင်းထဲမှာ တောင်ဆူဒန်နိုင်ငံနဲ့ အဖဂန်နစ္စတန်ကို ကျော်လွန်ပြီး မြန်မာကို နံပါတ် (၁) ထိပ်ဆုံးသို့ ပို့ထားခြင်းဖြစ်ပါတယ်။

Global Centre for Responsibility to Protect အဖွဲ့သည် ကုလသမဂ္ဂက ၂၀၀၅ ခုနှစ်တွင်ပြဌာန်းခဲ့သော R2P ဟုလူသိများသောကာကွယ်စောင့်ရှောက်ရေးတာဝန်ဝတ္တရားကိုထိန်းသိမ်းနိုင်ရန် ကမ္ဘာတစ်လွှားက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားဖြစ်တည်မှု ဆန့်ကျင်ရာဇဝတ်မှုများ၊ လူသားချင်းရက်စက်ယုတ်မာမှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။