Education

Quard ဆိုတာဘာလဲ

By TheLisuTimes

March 17, 2021

အခုတလော သတင်းတွေမှာ တွေ့လာရတဲ့ Quard ဆိုတာကတော့ Quadrilateral Security Dialogue ရဲ့အတိုချုံးစကားလုံးဖြစ်ပြီး၊ အဓိပ္ပါယ်ကတော့ လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးမှု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို QSD နာမည်နဲ့လည်း နိုင်ငံတကာအသိုင်းအဝန်းမှာ သိထားကြပါတယ်။

Quard မှာပါဝင်တဲ့ လေးပွင့်ဆိုင် နိုင်ငံတွေကတော့ အမေရိကန်၊ ဂျပန်၊ သြစတေးလျ၊ အန္ဒိယ တို့ဖြစ်ပါတယ်။ သူတို့က အာရှဒေသအတွင်းမှာ တရုတ်ရဲ့ ပါဝါနယ် တိုးချဲ့မှုကို တန်ပြန်ဖို့၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ကမကထပြုမှုနဲ့ ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများလည်း အခွင့်သင့်သလို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

Quard အဖွဲ့ကြားမှာ လတ်တလော ဆွေးနွေးမှုများ ဖြစ်ပေါ်တိုးတက်နေပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ အကူအညီပေးမယ်လို့ မကြာသေးမီကပဲ ကတိကဝတ်ပြုခဲ့ကြပါတယ်။