Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
NUG သတင်းထုတ်ပြန်ချက် (၃/၂၀၂၁) ထွက်လာ

News

NUG သတင်းထုတ်ပြန်ချက် (၃/၂၀၂၁) ထွက်လာ

By TheLisuTimes

June 03, 2021

၃ ဇွန် ၂၀၂၁ခုနှစ် နေ့စွဲဖြင့် NUG သတင်းထုတ်ပြန်ချက် (၃/၂၀၂၁) ကို ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးဌာန (၁၃) ခု၏ အမှတ်တံဆိပ်များ နှင့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အစိုးရ၏တရားဝင်အင်တာနက်စာမျက်နှာများ နှင့် ဝက်ဆိုဒ်များ၊ ရိုဟင်ဂျာများနှင့်ပတ်သက်၍ ရိုဟင်ဂျာပြည်သူအား “ရိုဟင်ဂျာ” ဟူသော အမည်ဖြင့်သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက်၍ နိုင်ငံသားစံနှုန်းများကို အခြေခံရေးဆွဲသော ဥပဒေသစ်ဖြင့် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများနှင့် အခြားပြည်သူတို့အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြစ်ရှိသည့် စစ်တပ်၏ တာဝန်ခံမှုများကိုဖော်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အနေနှင့် သိန်း ၃၀၀၀ ခန့်တန်ဖိုးရှိ အကူအညီများပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏လုပ်ဆောင်မှုများ နှင့် မူဝါဒထုတ်ပြန်ချက်များ၊ CNF နှင့်သဘောတူညီချက်လက်မှတ်ရေးထိုးခြင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းအတွက် ကာကွယ်ရေးအစီအမံ၊ ဆေးကျောင်းသား/သူများအတွက် online zoom lecture များအကြောင်း နှင့် တိုတယ်ကုပဏီနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများတို့ကို ဖော်ပြထားပါတယ်။အစိုးရ၏ လှုပ်ရှားမှုများကို အသေးစိတ်လေ့လာနိုင်ရန် အောက်ပါလင့်များကို ပေးထားပါတယ်။ ၁။ https://www.facebook.com/NUGmyanmar/posts/123716479848992၂။ https://www.facebook.com/NUGmyanmar/posts/120535930167047၃။ https://www.facebook.com/NUGmyanmar/posts/121454170075223၄။ https://www.facebook.com/NUGmyanmar/posts/123219533232020၅။ https://www.facebook.com/MoHNUGMyanmar