CRPH က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မကြာသေးခင်ကမှာ ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာတွေ အပေါ်ခွဲခြားဆက်ဆံတာတွေ လူ့အခွင့်ရေးချိုးဖောက်တာတွေ ကို ပြုပြင်ကိုင်တွယ် ဖြေရှင်းမယ် ဆိုတဲ့ ကတိပေးချက်ဟာ အနာဂတ် ဒီမိုကရေစီ ကာလ အတွက် အလုံးစုံပါဝင် ဆောင်ရွက်ရေး အတွက် အရေးပါတဲ့ ပြောဆိုချက်ဖြစ်တယ်၊ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံး ရဲ့ လူ့အခွင့်ရေးရပိုင်ခွင့်အတွက် လေးစားမှု နဲ့အတူ လုံခြုံစိတ်ချရမှု ငြိမ်းချမ်းမှုတွေရှိအောင် အမေရိကန်နိုင်ငံက အားပေးထောက်ခံဖို့ သန္နိဋ္ဌာန် ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့တွစ်တာကနေ ပြောကြားလိုက်ပါတယ်။