Education

NUG ရဲ့ ဆေးပညာအွန်လိုင်းကျောင်းတက်ရောက်သူ ၁၀၀၀ ကျော်ရှိ

By TheLisuTimes

May 29, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီစဉ်သည့် နောက်ဆုံးနှစ်ဆေးကျောင်းသားများအား အွန်လိုင်း zoom lecture ဖြင့်သင်ကြားပို့ချခြင်းကိုယနေ့ ( မေလ ၂၉ ရက် စတင်ခဲ့ပြီး တက်ရောက်သူ ၁၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အွန်လိုင်းသင်ကြား ရေးပို့ချမှုတွင် အဂ်လန်နိုင်ငံ‌ရောက်မြန်မာ Consultant များ၊International Myanmar Medical Diaspora မှ ဦးဆောင်ကာမြန်မာပြည် နောက်ဆုံးနှစ် အပိုင်း(ခ ) ဆေးကျောင်းသားကျောင်းသူများအား CME sessions များပို့ချပေးခြင်းဖြစ်ပြီး၊ ယနေ့စတင်မှုတွင် zoom meeting room ကန့်သတ်လူဦးရေ ၁၀၀၀ ပြည့်သွားခဲ့တာကြောင့် တစ်ချို့ဝင်ခွင့်မရခဲ့ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် လာမယ့် မေလ ၃၀ ရက် သို့မဟုတ် လာမည့်အပတ်တွင် တခြား YouTube channel မှဖြစ်‌စေ၊ အခြားအွန်လိုင်းပလက်ဖောင်းများကနေလဲ တပြိုင်နက် ဝင်ရောက် လေ့လာနိုင်ရန် စီမံပေးမယ်လို့ သိရပါတယ်။