@ŒR­‚Ö‚Ì”½‘Î‚ð¥‚¦A“Œ‹žE‹âÀ‚ðƒfƒ‚si‚·‚éÝ“úƒ~ƒƒƒ“ƒ}[l‚灁‚Q“úŒß‘O

International

NUG နှင့် ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်

By TheLisuTimes

May 28, 2021

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကို မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး၊ ပူးတွဲကြေငြာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

ပူးတွဲကြေငြာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုတိယသမ္မတ ဒူဝါလရှီးလမှ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံအရေးကူညီဆောင်ရွက်နေသော ဂျပန်နိုင်ငံလွတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ Mr. Nakagawa မှ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ပူးတွဲ ကြေညာချက်ထဲမှာ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု တရားမဝင်ကြောင်း၊ မြန်မာပြည်အတွက် ဒီမိုကရေစီကို ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းရန်၊ ပြည်သူလူထုအား အင်အားသုံးအကြမ်းဖက်မှုကို လုံးဝရပ်တန့်ရန်၊ ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရန်၊ အာဏာအရပ်ရပ်ကို ၂၀၂၀ နိုဝင်ဘာလ လူထုမဲဖြင့် ရွေးချယ်ခံရသူများအား အပ်နှင်းရန်၊ မြန်မာစစ်တပ်အား လက်နက်ရောင်းပေးသည့် နိုင်ငံများကို ရှုတ်ချကြောင်း စသည်ဖြင့် သဘောထားတွေ ပါဝင်ပါတယ်။