News

MOB ဘဏ်ကို စစ်ကောင်စီက ကျပ်သိန်း ၅၀ ဒဏ်ကြေးတပ်အရေးယူ

By TheLisuTimes

March 24, 2021

မြန်မာ့အရှေ့တိုင်းဘဏ် (MOB) သည် စစ်ကောင်စီညွှန်ကြားသည့်အတိုင်း ဘဏ်ခွဲများအရေအတွက်ကို ပြည့်မီအောင်မဖွင့်နိုင်ခဲ့ဟုဆိုကာ ရက်သတ္တပတ်တစ်ခုစာ ကျပ်သိန်း ၅၀ ဒဏ်တပ်အရေးယူသည့် လျှို့ဝှက်အမိန့်တစ်ခု မတ်လ ၂၃ ရက်နေ့စွဲနဲ့ ပေါက်ကြားလာပါတယ်။

မြန်မာ့အရှေ့တိုင်းဘဏ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲ ၄၉ ခုရှိရာက ဘဏ်မဖွင့်နိုင်ခဲ့သည့်ရာခိုင်နှုန်းသည် ၄၀.၈၂% ရှိသည်ဟုသိရပါတယ်။

စစ်ကောင်စီသည် ပုဂ္ဂလိကဘဏ်များအလျင်အမြန်ဖွင့်လှစ်ရန်၊ မဖွင့်လှစ်နိုင်လျှင် ကုန်သည်ကြီးများ၏စာရင်းကို တပ်မတော်ပိုင်ဘဏ်များသို့ လွှဲပြောင်းပေးရန် မတ်လအစောပိုင်းကတည်းက အမိန့် ထုတ်ပြန်ဖိအားပေးနေခဲ့ပါတယ်။