News

MAPCO က Mytel နှင့် လမ်းခွဲပြီ

By TheLisuTimes

June 10, 2021

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO) က မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်ရှိ ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လမ်းခွဲ လိုက်ပါတယ်။

MAPCO ကုမ္ပဏီက ထိုရှယ်ယာအားလုံးကို ပြန်လည်ရောင်းချပြီးဖြစ်ကြောင်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရေးသားသည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၀) တွင် သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပေါက်ကြားခဲ့သော အစီရင်ခံစာတွေအရ မြန်မာစစ်တပ်သည် Mytel မှနေ၍ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် အမြတ်အစွန်းရနေကြောင်း လေ့လာရပါတယ်။