Covid-19

Dr. Oak Kaung Zan ပြောပြလာတဲ့ ကိုဗစ်ကို ရင်ဆိုင်နည်းလမ်း

By TheLisuTimes

July 27, 2021

😢ဒီအချိန်မှာ ဖျားပီဆိုရင်ဒါ seasonal flu ဖြစ်နိုင်လား

☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်ရေမချိုးပဲနေနေ အအေးမခံဘဲနေနေကိုဗစ်က ဖြစ်မှာပါပဲ

🟢ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ

▪️ရက်အရင်တွက်ပါ▫️နေမကောင်းစ ဖြစ်တဲ့ရက်▪️စဖျားတဲ့ရက်▫️ဝမ်းစလျောတဲ့ရက်အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါ

အခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး

🔶ပုံစံ ၁Day 1 မအီမသာ စဖြစ်တယ်Day 2 ဖျားတယ်Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွားDay 7,8,9 အနံပျောက်သွားလည်ချောင်းနဲနဲ ယား

🟢အသက်သာဆုံးပုံစံပါ

🔶🔶ပုံစံ ၂Day 1 ရုတ်တရက် ဖျားတယ်Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာDay 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်Day 4,5 ချောင်းခြောက်ဆိုးမယ်Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား

🟢လည်ပြွန်ယောင်တဲ့ ပုံစံပါခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ

☑️☑️☑️ပုံစံ ၃ ကတော့ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး

▪️ဓာတ်ဆားရည်▫️Probiotic နဲ့ သက်သာပါတယ်ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်

☑️☑️☑️ပုံစံ ၄Day 1 နေမကောင်း ၊ ကိုက်ခဲDay 2 ဖျားDay 3 လည်ချောင်းယားDay 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသကါရှူ ပိုမြန်Day 6 Oxygen ကျပြီDay 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)

🔴Day 7-11 အသက်လုရပီ ၊🔸တကယ်မှောက်နေနိုင်သလား ၊🔻အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊🔸လူငယ်လား လူကြီးလား ၊🔻အဝလွန်ရှိသလား၊🔸ဆီးချို ရှိသလား ၊🔻ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီးအခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်

🔴အဲ့လိုပုံစံက “အဆုတ်ယောင်” ပုံစံပါ အဆိုးဆုံးပါပဲ

🟥ပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို⬛️Immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်

💊Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ်( ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)

နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ🔴အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်လူတိုင်းထိုးဖို့ မလိုပါ)

ဒီDay 7-11 သည်🔻ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ်🔻အိမ်ပင့် ဆရာဝန်လိုကိုလိုမယ်🔻ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲ

ဒီတခေါက်ကိုတော့ Day 1 – Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်

🍀လူနာများ လူနာရှင်များ မြန်မြန် အဆင်ပြေကြပါစေ ခဗျာ

Dr.Oak Kaung ZanMBBS , UM1

🔶မှတ်ချက်🔶လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်