News

CRPH ၏နိုင်ငံရေး ရည်မှန်းချက် (၄) ရပ် ထုတ်ပြန်

By TheLisuTimes

March 05, 2021

News: CRPH announces four political goals.

ကနေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက နိုင်ငံရေး ရည်မှန်းချက် (၄) ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

(၁) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး(၂) သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး(၃) ဒီမိုကရေစီရရှိရေး(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး

မြန်မာ့တိုင်းရင်းသားတို့သည် နိုင်ငံအဆင့် စစ်အာဏာရှင်ကို တိုက်ထုတ်ကြရသလို၊ အခြားတစ်ဘက်တွင်လည်း နောင်ဖြစ်ထွန်းလာမည့် ဖယ်ဒရယ်ဥပဒေ ရေးဆွဲရာတွင် ဒေသအတွင်း လက်နက်ကိုင်များက အတူနေ တိုင်းရင်းသားလူနည်းစုများရဲ့ အသံကိုဘေးဖယ်ထားမည်ကို စိုးရိမ်စိတ်ရှိနေကြပါတယ်။ နိုင်ငံရေးမှာ လက်နက်ကိုင်လွှမ်းမိုးမှုကို အဆင့်လိုက်ဖယ်ထုတ်ဖို့လိုပါတယ် လို့ ပြည်သူများအကြား ပြောဆိုနေကြပါတယ်။

ကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ႏိုင္ငံေရး ရည္မွန္းခ်က္ (၄) ရပ္ကို ထုတ္ျပန္လိုက္ပါတယ္။

(၁) စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး(၂) သမၼတႀကီး ဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံရသူအားလုံး လြတ္ေျမာက္ေရး(၃) ဒီမိုကေရစီရရွိေရး(၄) ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဖ်က္သိမ္းေရး ႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံ သည့္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ေပၚေပါက္ေရး

ျမန္မာ့တိုင္းရင္းသားတို႔သည္ ႏိုင္ငံအဆင့္ စစ္အာဏာရွင္ကို တိုက္ထုတ္ၾကရသလို၊ အျခားတစ္ဘက္တြင္လည္း ေနာင္ျဖစ္ထြန္းလာမည့္ ဖယ္ဒရယ္ဥပေဒ ေရးဆြဲရာတြင္ ေဒသအတြင္း လက္နက္ကိုင္မ်ားက အတူေန တိုင္းရင္းသားလူနည္းစုမ်ားရဲ႕ အသံကိုေဘးဖယ္ထားမည္ကို စိုးရိမ္စိတ္ရွိေနၾကပါတယ္။ ႏိုင္ငံေရးမွာ လက္နက္ကိုင္လႊမ္းမိုးမႈကို အဆင့္လိုက္ဖယ္ထုတ္ဖို႔လိုပါတယ္ လို႔ ျပည္သူမ်ားအၾကား ေျပာဆိုေနၾကပါတယ္။