Education

COVID-19 ကာကွယ်ဆေးနှင့် ဖြစ်နိုင်ဘွယ်ရာဘေးထွက်ဆိုးကျိုးများ

By Eden(USA)

December 18, 2020

(Unicode)

COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ အကြံပြု အစည်းအဝေးမှာ သတိပေးစကားဆိုလိုက်ခဲ့ပါတယ်။

ဒီကြေညာချက်က ဗြိတိန်မှာ ကာကွယ်ဆေးစတင်မထိုးနှံခင် တစ်ရက်မှာ ထွက်ပေါ်လာခဲ့တာပါ။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြသလို ခုချိန်အထိလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။

CDC ရဲ့ သတိပေးချက်တွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုန့်ပြန်အောင် နှိုးဆော်မှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သိထားရပါတယ်။

-ဆေးထိုးထားတဲ့ နေရာတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတာ၊-မောပန်းနွမ်းနယ်တာ၊-ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊-ခေါင်းကိုက်တာ၊-ဖျားနာတာတွေဖြစ်နိုင်တယ်လို့လည်း သူတို့က ဆိုထားပါတယ်။

ရောဂါကာကွယ်ဆေးတွေဟာ ရောဂါပိုးဝင်ရောက်မလာအောင် ကာကွယ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို ပိုမိုအလုပ်များစေတာမို့ အအေးမိ၊ တုပ်ကွေး၊ ဖျားနာလို လက္ခဏာမျိုးတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ သူတို့က အကြံပြုသွားခဲ့တာ ဖြစ်ပါတယ်။

(Zawgyi)

COVID-19 ေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ ကာကြယ္ေဆးေတြဟာ လူေတြကို ေဘးထြက္ဆိုးက်ိဳးေတြ ယူေဆာင္လာႏိုင္တယ္လို႔ CDC က သူတို႔ရဲ႕ COVID-19 ကာကြယ္ေဆးဆိုင္ရာ အႀကံျပဳ အစည္းအေဝးမွာ သတိေပးစကားဆိုလိုက္ခဲ့ပါတယ္။

ဒီေၾကညာခ်က္က ၿဗိတိန္မွာ ကာကြယ္ေဆးစတင္မထိုးႏွံခင္ တစ္ရက္မွာ ထြက္ေပၚလာခဲ့တာပါ။ CDC ရဲ႕ ကြၽမ္းက်င္ပညာရွင္ေတြက ကာကြယ္ေဆးဆိုင္ရာ အႀကံေပးအစည္းအေဝးမွာ ခုလို သတိေပးစကားဆိုသြားခဲ့ၾကသလို ခုခ်ိန္အထိလည္း ဘယ္လို COVID-19 ကာကြယ္ေဆးမ်ိဳးကိုမွ တရားဝင္ အသိအမွတ္ျပဳထားျခင္းမရွိေသးပါဘူး။

CDC ရဲ႕ သတိေပးခ်က္ေတြအရ ကာကြယ္ေဆးေတြရဲ႕ ကိုယ္ခံအားစနစ္ကို တုန႔္ျပန္ေအာင္ ႏႈိးေဆာ္မႈေတြေၾကာင့္ ေအာက္ပါ ေဘးထြက္ဆိုးက်ိဳးေတြကို ခံစားရႏိုင္တယ္လို႔ သိထားရပါတယ္။

-ေဆးထိုးထားတဲ့ ေနရာတစ္ဝိုက္မွာ နာက်င္ကိုက္ခဲတာ၊-ေမာပန္းႏြမ္းနယ္တာ၊-ခႏၶာကိုယ္တစ္ခုလုံး ယားယံတာ၊-ေခါင္းကိုက္တာ၊-ဖ်ားနာတာေတြျဖစ္ႏိုင္တယ္လို႔လည္း သူတို႔က ဆိုထားပါတယ္။

ေရာဂါကာကြယ္ေဆးေတြဟာ ေရာဂါပိုးဝင္ေရာက္မလာေအာင္ ကာကြယ္ဖို႔အတြက္ ကိုယ္ခံအားစနစ္ကို ပိုမိုအလုပ္မ်ားေစတာမို႔ အေအးမိ၊ တုပ္ေကြး၊ ဖ်ားနာလို လကၡဏာမ်ိဳးေတြ ေပၚထြက္လာတာျဖစ္တယ္လို႔ သူတို႔က အႀကံျပဳသြားခဲ့တာ ျဖစ္ပါတယ္။