——————————————နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က)၊ နှင့် (ဆ) ပါ ပြဌာန်းချက်များအား CRPH က အနက်ဖွင့်ဆိုလိုက်ပြီး၊ CDM လှုပ်ရှားမှုမှာ မပါဝင်သူမျာသားသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း CRPH ယနေ့ ၇၊ မတ်လ၊ ၂၀၂၁ တွင်ကြေညာလိုက်ပါတယ်။CRPH ထုတ်ပြန်ချက်ထဲတွင် အောက်ပါအတိုင်းဖွင့်ဆိုထားပါတယ်။ ” နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (က) အရ နိုင်ငံ့ဝန်ထမ်းများသည် “ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း” ဆိုသည်မှာ ပြည်သူက ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ စီမံ အုပ်ချုပ်သည့် နိုင်ငံတော်ကိုသာ ကျေးဇူးသစ္စာ စောင့်သိရိုသေရန်ဖြစ်သည်။ တရားမဝင် အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေသည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရန် မလိုအပ်ပါ။နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀။ ပုဒ်မခွဲ (ဆ) အရ နိုင်ငံ့ဝန်ထမ်းများ “ ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဆိုရာတွင် CDM လှုပ်ရှားမှု ဆောင်ရွက်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန် ခြင်းသာ ဖြစ်ပြီး ပါတီအဖွဲ့အစည်းတစ်ခုခု၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ယင်းပြဌာန်းချက်နှင့်လည်း ငြိစွန်းမှုမရှိပါ။ “အာဏာလု စစ်အစိုးရ တစ်ဖြစ်လဲ အကြမ်းဖက်အုပ်စုသည် CDM ဝန်ထမ်းများကို ဦးစားပေး ဖမ်းဆီးမည်ဖြစ်ပြီး၊ ထို့နောက်တွင် သပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးမည်ဟု သတင်းကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။ ရန်ကုန်မြို့နေလူထုသည် အထုပ်အပိုးကိုယ်စီဖြင့် ကား၊ တက္ကစီတို့ဖြင့် မြို့ပြင်သို့ စံချိန်တင် ပြောင်းရွှေ့နေကြပါတယ်။