News

CDM ပါဝင်သော ပညာရေးဝန်ထမ်းများကို ကိုယ်ပိုင်ကျောင်းများတွင် အလုပ်မခန့်ရန် စစ်ကောင်စီညွှန်ကြား

By TheLisuTimes

May 28, 2021

CDM ပညာရေးဝန်ထမ်းတွေကို ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ထားဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်တစ်ရပ်ကို မေလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

“ကိုယ်ကျွမ်းကျင်တဲ့ပညာနဲ့ လုပ်စားခွင့်၊ ရှင်သန်ရပ်တည်ခွင့်ကို လုံးဝသက်သက်မဲ့ ပိတ်ပင်တာပဲ။ အာဏာရှင်ဆိုတာ ဒါမျိုးအငြိုးအတေးတွေ၊ ဖိနှိပ်မှုတွေ၊ သူတပါးရှင်သန်ရပ်တည်ခွင့်တွေကို ထိပါးတာတွေကို ဗြောင်လုပ်တာပဲ။” လို့ CDM ပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးပါတယ်။

“ကိုယ်နဲ့မတူတဲ့သူတွေရဲ့ အခွင့်အရေးကို အခုလိုထိပါးတာကို ဘယ့်နှယ်ဒီမိုကရေစီ နည်းလမ်းတကျ အုပ်ချုပ်တယ်လို့ ပြောလို့ရပါ့မလဲ။ ဂုဏ်သိကက္ခာရှိတဲ့ အုပ်ချုပ်သူဆိုရင် ဒါမျိုးမလုပ်ဘူး။ သူတို့မသိလို့ပါ။ ဒါဟာ Right to employment ကိုချိုးဖောက်တာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျုးလွန်တာဖြစ်တယ်။” လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း လီဆူတိုင်းမ်သို့ မှတ်ချက်ပြုပြောဆိုပါတယ်။