News

ASEAN အလံအား မီးရှို့ဆန္ဒပြ

By TheLisuTimes

June 05, 2021

ယနေ့ (ဇွန် ၅ ရက်) ညနေပိုင်းတွင် မန္တလေးမြို့မှ လူငယ်များက အာဆီယံ အလံအား မီးရှို့ကာ ဆန္ဒပြခဲ့ကြပါတယ်။

အာဆီယံဆိုသည်မှာ ဒေသတွင်းနိုင်ငံများအကြား အချင်းချင်း ဖေးမကူညီစောင့်ရှောက်ရန်ဖွဲ့စည်းထားသော်လည်း ယခုတော့ အကြမ်းဖက် စစ်အာဏာရှင်အချင်းချင်း ပူးပေါင်းအားပေးမှုအဖြစ်သာတွေ့ရသဖြင့် ယခုလို ဆန့်ကျင်ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

“အရက်သောက်ဖော်သောက်ဖက်ချင်း အချိန်ဆွဲကူညီနေတာပဲ။ ဘာတစ်ခုမှ ဖြစ်မြောက်အောင်လုပ်မှာမဟုတ်ဘူး။ မြန်မာပြည်သူဘက်ကို မျက်နှာ မမူတဲ့ အာဆီယံကနေ တိုင်းပြည်အပြောင်းအလဲဖြစ်ပြီဆိုတာနဲ့ ထွက်ရမယ်” လို့ အမည်မဖော်လိုသူ ဆန္ဒပြလူငယ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ (ကိုယ်စားလှယ်) နှင့် အတွင်းရေးမှူးချုပ် နှင့်အဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ပါတယ်။