News

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဆွေမျိုး ၁၀ ဦးတရားသေလွတ်

By TheLisuTimes

June 09, 2021

အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အေအေ (ရက္ခိုင့်တပ်တော်) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးကို တရားလိုဘက်က အမှုရုပ်သိမ်းလွှာတင်သွင်းခဲ့တာကြောင့် ဒီနေ့ ဇွန်လ ၉ ရက်မနက်မှာ တရားသေ ပြန်လည်လွတ်မြောက်လာပါတယ်။

ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေကတော့ အေအေစစ်ဦးစီးချုပ်ရဲ့ ညီ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး(ခ) မောင်ပန်နဲ့ ကိုရွှေလှိုင်သန်းတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ ၂၀၁၉ ခုနှစ် ဇူလှိုင်လ ပထမအပတ်မှာ စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာပြည်ကို ပြန်ရောက်လာစဉ် ဇူလှိုင် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မမိုးနှင်းဖြူကိုလည်း သူမရဲ့ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုစဉ်မှာ အတူဖမ်းဆီးခံခဲ့ရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ဆယ်ဦးကို ၎င်းတို့သဘောဆန္ဒအရ စစ်တွေမြို့သို့ လယာဉ်နဲ့ ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။