Agriculture
ꓫ ꓒꓵ: ꓠ ꓗ, ꓟ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ=
By TheLisuTimes
January 23, 2021
ꓪꓴ-ꓢ ꓡꓰ ꓚꓰ; ꓔ ꓟ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓬꓲ. ꓣꓱ: ꓬꓯ; ꓖꓴ ꓐꓰ ꓬꓲ. ꓒꓵ: ꓶ ꓔꓯ ꓣꓳ ꓓꓵ: ꓙ ꓠꓬꓲ ꓕꓯ ꓬꓲ. ꓣꓱ: ꓬꓯ; ꓖꓴ ꓐꓰ ꓒꓵ: ꓶ ꓔꓯ ꓐꓯ ꓖꓴ ꓟ: ꓓ ꓟ ꓣꓳ ꓢꓷ. ꓡꓳ= ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓠꓬ ꓣꓳ ꓐꓱ ꓶ ꓠꓯ ꓞꓲ; ꓐꓰ ꓜ ꓓꓴ ꓢꓶ, ꓢꓶ: ꓡꓳ ꓢꓶ: ꓖꓶ: ꓡ ꓟ ꓡꓰ ꓟ: ꓞꓲ ꓾ ꓣꓳ ꓧꓪ: ꓖꓳ ꓓꓱ: ꓑꓬ ꓠꓬ, ꓖꓴ ꓦꓲ., ꓫꓬ, ꓓꓴ ꓢꓲ, ꓒꓬ, ꓟꓲ ꓖꓶ: ꓡ ꓢꓰ: ꓡꓳ= ꓒꓵ: ꓡꓳ (ꓑꓳ:) ꓢꓶ: ꓡꓰ ꓐꓰ ꓒꓵ: ꓟ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓟꓲ ꓙꓳ ꓢꓰ: ꓡꓳ= ꓖꓳ ꓟ ꓑꓶ. ꓓꓴ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓔꓯ ꓞꓳ ꓤ ꓐꓴ ꓬꓲ. ꓒꓳ, ꓒꓳ, ꓗꓪ ꓐꓰ ꓣꓱ: ꓡ ꓔꓬ ꓟ ꓑꓶ. ꓓꓴ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓮ ꓟꓬ, ꓔꓯ ꓘꓶ, ꓠ ꓗꓷ ꓡꓰꓳ= ꓖꓳ ꓟ ꓑꓶ. ꓓꓴ ꓮ ꓟꓶ ꓣꓳ ꓟꓵ: ꓣꓳ ꓡꓳ ꓗꓪ ꓟꓲ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓮ ꓘꓶ. ꓠꓲ. ꓡꓰ ꓔꓬ ꓟ ꓔꓯ ꓣꓳ ꓡꓳ. ꓟꓳ ꓪ ꓓ ꓡꓳ=ꓣꓳ ꓡꓳ:- ꓟꓲ: ꓟꓵ: ꓠꓬ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓮ ꓘꓶ. ꓐꓬ ꓡꓰ ꓔꓬ ꓟ ꓾ ꓘꓶ, ꓟ ꓗꓴꓷ; ꓐꓴ ꓠꓯ.; ꓗꓪ ꓬꓲ. ꓕꓲ. ꓫꓵ: (7) ꓗꓪ ꓛꓲ ꓬꓰ ꓔꓬ ꓟ ꓥꓳ ꓐꓰ ( Global Forest Resources ꓮssessment-2020) ꓗꓪ ꓐꓯ ꓔ ꓡꓳ=
ꓗꓳ. ꓡ ꓟ 20 ꓘꓳ; ꓕꓯ ꓣꓳ ꓡꓳ: ꓟꓲ: ꓟꓵ: ꓗꓪ 51.54 ꓑercent ꓠꓬ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓙꓳ ꓟ ꓡꓲ ꓛꓲ ꓟꓵ: ꓥ ꓡꓳ=2010 ꓘꓳ; ꓛꓲ ꓡ ꓕꓯ 46.96 Percent ꓡꓰ ꓙꓳ ꓡꓰꓳ ꓐꓰ ꓐꓯ ꓡꓳ= ꓝꓮꓲ 2015 ꓘꓳ ꓗꓪ ꓛꓲ ꓡ ꓕꓯ 42.92 Percent ꓡꓰ: ꓙꓳ ꓡꓰꓳ= ꓝꓮꓲ 2020 ꓘꓳ; ꓗꓪ ꓠꓬ 42.19 Percent ꓡꓰ ꓙꓳ ꓡꓰꓳ ꓐꓰ GFRA -2020 ꓡꓰ ꓐꓯ ꓡꓳ= ꓖꓳ ꓡꓰ ꓠꓬ ꓕꓲ: ꓘꓳ; ꓗ ꓠꓯ ꓕꓲ: ꓘꓳ; ꓢꓲ ꓜꓲ ꓡꓳ ꓜꓲ ꓐꓴ ꓒꓲ; ꓬꓰ ꓔꓬ ꓡꓳ= ꓠꓲ. ꓡꓰ ꓔꓬ ꓡꓳ=ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓐꓴ ꓐꓬ ꓡꓰ ꓔꓬ ꓟ ꓾ ꓠꓲ. ꓡꓰ ꓔꓬ ꓟ ꓐꓰ ꓕꓲ: ꓡꓰ ꓠꓬ ꓣꓳ ꓔꓬ ꓟ ꓟꓲ ꓠꓯ ꓕꓲ: ꓟ ꓬꓲ. ꓞ ꓢꓯ; ꓥ ꓟꓲ ꓓꓯ ꓡ ꓔꓬ ꓥꓳ= ꓞ ꓢꓯ; ꓓꓯ ꓡ ꓟ ꓡꓰ ꓐꓰ ꓠ: ꓫꓵ: ꓠ ꓙꓰ ꓟꓲ ꓟꓬ: ꓡ ꓢꓲ ꓡ ꓞꓳ ꓐꓴ ꓤꓶ ꓓꓴ. ꓡꓰ ꓔꓬ ꓡꓳ ꓐꓰ ꓢꓷ. ꓠꓲ, ꓙꓳ ꓒ: ꓐꓴ ꓡꓰ ꓐꓯ ꓡꓳ= ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓐꓴ ꓠꓬ ꓣꓳ ꓦ ꓔꓬ ꓟ ꓟꓲ: ꓦꓲ (Oxygen) ꓔꓯ ꓟꓲ ꓖꓶ: ꓟ ꓡꓰ ꓟ: ꓞꓲ ꓾ ꓣꓳ ꓓꓳ ꓓꓴ ꓬꓲ ꓙꓬ ꓔꓯ ꓟꓲ ꓫ ꓖꓶ: ꓔ ꓡꓳ= ꓖꓳ ꓟ ꓑꓶ ꓓꓴ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓟ: ꓙꓳ ꓠꓬ ꓣꓳ ꓟꓲ ꓠꓯ ꓞꓳ ꓤ ꓐꓴ ꓢꓯ. ꓔꓬ ꓟ: ꓙꓲ ꓟ ꓥꓳ=
ꓝꓮꓲ ꓕꓲ: ꓫꓵ: ꓙꓳ ꓟ ꓠꓬ ꓮ ꓟꓶ ꓣꓳ ꓟꓵ: ꓣꓳ ꓡꓳ ꓑꓴ-ꓔ-ꓮꓳ ꓟꓵ: ꓗꓪ ꓥ ꓟꓲ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓐꓴ ꓮ ꓘꓶ. ꓠꓲ. ꓡꓰ ꓔꓬ ꓟ ꓔꓯ ꓡꓳ. ꓟꓳ ꓪ ꓓ ꓡꓳ= ꓮ ꓟꓶ ꓤ ꓟꓳ ꓠ ꓗ ꓟ ꓕꓲ: ꓫꓵ: ꓠꓬ ꓣꓳ ꓗꓳ ꓡꓳ ꓗꓪ ꓣꓱ: ꓔꓬ ꓟ Chain Saw ꓢꓲ, ꓶ; ꓓꓴ ꓮ ꓙ; ꓮ ꓟꓬ, ꓣꓱ: ꓡ ꓔꓬ ꓟ ꓑꓶ. ꓓꓴ ꓥ ꓡꓳ= ꓢꓲ, ꓶ; ꓓꓴ ꓮ ꓙ; Chain Saw ꓕꓱ ꓟ ꓡꓰ ꓢꓲ, ꓜꓲ ꓘꓶ, ꓥꓳ ꓐꓯ ꓠꓬ ꓕꓲ: ꓰ ꓗ; ꓠꓬꓲ: ꓰ ꓗ; ꓔꓯ ꓟꓲ ꓕꓲ: ꓠꓬꓲ ꓬꓲ. ꓘꓴ ꓗꓪ ꓘꓶ, ꓐꓱ: ꓩꓴ ꓗꓷ ꓐ ꓡ ꓡꓳ= ꓖꓳ ꓟ ꓑꓶ. ꓓꓴ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓐꓴ ꓮ ꓘꓶ. ꓠꓲ. ꓡꓰ ꓔꓬ ꓟ ꓥ ꓡꓳ= 2020 ꓘꓳ; ꓗꓪ ꓛꓲ ꓡ ꓕꓯ ꓣꓳ ꓑꓴ-ꓔ-ꓮꓳ ꓟꓵ: ꓗꓪ ꓥ ꓟꓲ ꓮ ꓘꓶ. ꓞ ꓡ ꓔꓬ ꓟ ꓔꓯ ꓣꓳ ꓔꓳ, ꓜꓳ: ꓗꓷꓳ= ꓝꓮꓲ ꓠꓬ ꓟꓶ: ꓦ ꓦ ꓝꓲ. ꓟ: ꓥ ꓕꓯ ꓥ ꓟꓲ ꓟꓶ: ꓦ ꓦ ꓡ ꓟ ꓔꓯ ꓔꓳ, ꓜꓳ: ꓗꓷꓳ= ꓝꓮꓲ ꓠꓬ ꓟꓶ: ꓦ ꓦ ꓝꓲ ꓕꓯ ꓟꓲ ꓟꓶ: ꓦ ꓟ: ꓦ ꓡ ꓟ ꓟꓶ ꓫꓵ ꓫꓵ ꓗ, ꓟ ꓔꓯ ꓟꓲ ꓔꓳ, ꓜꓳ: ꓗꓷꓳ= ꓕꓱ ꓟ ꓮ ꓫꓵ: ꓑꓶ. ꓓꓴ ꓥ ꓡꓳ ꓐꓯ ꓠꓬ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓟ: ꓙꓳ ꓐꓰ ꓗꓷ ꓡꓰ ꓔꓬ ꓟ ꓢꓷ. ꓡꓰ ꓓꓴ ꓥ ꓡꓳ=ꓖꓳ ꓟ ꓑꓶ. ꓓꓴ ꓡꓲ-ꓢꓴ ꓫꓵ: ꓐꓴ,ꓳ ꓣꓳ ꓠꓬ ꓟꓲ ꓠꓯ ꓗꓪ ꓟꓶ: ꓤ ꓢꓯ. ꓔꓬ ꓠ, ꓗ ꓢꓰ: ꓟ ꓑꓶ. ꓓꓴ ꓣꓳ ꓤ ꓣꓳ ꓠꓱ ꓐꓴ ꓐꓱ ꓶ ꓢꓲ, ꓜꓲ ꓡꓳ ꓜꓲ ꓮ ꓟꓬ, ꓔꓶ ꓡꓯ= ꓢꓲ, ꓜꓲ ꓕꓲ: ꓜꓲ ꓘꓶ, ꓗꓷ ꓠꓬ ꓝꓮꓲ ꓕꓲ: ꓜꓲ ꓔꓶ ꓪ ꓡꓰ ꓝꓲ= ꓟꓵ: ꓖꓳ: ꓮ ꓙꓵ: ꓗꓪ ꓟꓲ ꓢꓲ, ꓜꓲ ꓠꓲ, ꓞ ꓔꓶ ꓠ, ꓟ ꓔꓯ ꓢꓯ; ꓖꓶ: ꓠꓲ, ꓫꓵ ꓡꓳ=The Lisu Times ꓔꓯ ꓵ ꓖꓶ: ꓢꓴ ꓮ ꓙꓵ ꓔꓯ ꓫ ꓟꓳ ꓪ=
Unicode/Zawgyi
သစ်ပင်၊ သစ်တောများရဲ့ အသုံးဝင်ပုံ တန်ဖိုး ကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ကျွန်တော်တို့ လူသားများလိုအပ်သော ဆေးဝါးနဲ့ အစားအစာကို သစ်တော ကနေရရှိိပါတယ်။ နေထိုင်ဖို့ အကာ ပျဥ်ပြားကို လည်းသစ်တော သစ်ပင်တွေကဘဲ ရရှိိပါတယ် ။ ကျွန်တော်တို့ အသက်ရှုရန်လို အ​သော Oxygen ကိုသစ်ပင်များက ထုတ်လုပ်ပေးကြောင်းကိုလည်း ကျောင်းသင်ခန်းစာတွေမှာ သင်ကြားခဲ့ရပါတယ်။ ထို့ပြင် အ လွန်တန်ဖိုးကြီးတဲ့ သစ်ပင်တွေ လည်းအများအပြားရှိ နေကြပြန်တယ်။
ယနေခေတ်မှာ သစ်တောပြုန်းတီးမှုများစွာရှိိ လာပြီး သဘာဝ ပတ်ဝန်းကျင်အပေါ သက်ရောက်မှုအများကြီး ရှိနေတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းသစ်တောပြုန်းတီမှုအများဆုံးနိုင်ငံများစာရင်း၌ အဆင့် ၇ နေရာတွင်ရှိကြောင်း ကမ္ဘာ့သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ(Global Forest Resources Assessment-2020 (GFRA 2020) တွင်ဖော်ပြထားကြောင်းဖတ်ရှုခဲ့ရပါတယ်။
မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာအရ နိုင်ငံတဝန်းစုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၉ရာခိုင်နှုန်းရှိကာ နှစ်စဉ် အများဆုံးကမ္ဘာ့သစ်တောပြုန်းတီးမှုဧရိယာဖော်ပြသည့် နိုင်ငံစာရင်းတွင် အဆင့် ၇ အဖြစ်ပါဝင် နေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၀၀ပြည်နှစ်က သစ်တောဖုံးလွှမ်းမှုမှာ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁ဝခုနှစ်တွင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂ဝခုနှစ်တွင် ၄၂ ဒသမ၁၉ရာခိုင်နှုန်း ရှိကြောင်းGFRA ၏ ငါးနှစ်လျှင်တစ်ကြိမ်ထုတ်ပြန်သည့် သစ်တောဖုံးလွှမ်းမှုအစီရင်ခံစာအရ သိရပါတယ်။
ထိုသို့နှစ်စဥ်နှစ် တိုင်းသစ်တောပြုန်းတီးမှုများလာသောကြောင့် ရာသီဥတု ဖောက်ပြန်လာသည် ကိုခံစားခဲ့ကြရပြီ။ သစ်တောများကိုအမြန်ထိန်းသိမ်းရန်နှင့် ပြန်လည်အစားထိုးစိုက်ပျိုးရန် သဘာဝတရားက သတိပေးနေလေပြီ။
ကျွန်တော့်ရဲ့မွေးရပ်မြေ ပူတာအို သေဒ တွင်းမှာလည်း သစ်တောပြုန်းတီးမှု များပြားလာနေပါတယ်။ အကြောင်းမျိုးမျိုးကြောင်း နေ့စဥ်သစ်ပင်တွေကို ခုတ်လှဲ နေရပြီး နောက်ဆက်တွဲကတော့ ရာသီဥတု ဖောက်ပြန်လာနေပါတယ်။ ပူတဲ့ချိန်အရမ်းပူလာပြီး အေးတဲ့ချိန်အရမ်း​အေးလာပါတယ်။ သစ်တောပြုန်းတီးမှုများလာတော့ ငယ်ငယ်က ကျွန်တောတို့ ဆော့ကစားခဲ့ကြတဲ့ ရေချောင်းတွေ ရေနည်းသွားပြီး အရင် လိုမလှပတော့တဲ့ အပြင် သစ်တောကို မှီခိုပြီးအသက်ရှင်နေကြတဲ့ လူအပါအဝင်၊ ငှက်များ နဲ့ အခြားတော ရိုင်းတိရစ္ဆာန်များ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။
ဒါကြောင့် ယနေ့ချိန်ခါဟာ သစ်တောများကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေပါပြီ။ ခုတ်လှဲပြီးသော နေရာတွေမှာ ပြန်လည်အစားထိုး စိုက်ပျိုးရန်လိုအပ်နေပါပြီ။ အနာဂတ် ကမ္ဘာ လှပဖို့ ၊ ကျွန်တော်တို့ သေဒ လှပစိမ်းလန်း ဖို့ သစ်ပင်များကို တန်ဖိုးထား ထိန်းသိမ်းကြစို့။