News

ꓑꓳ ꓡꓳ ꓟꓽ ꓙꓳ ꓡꓰ ꓕꓯ ꓡꓳ ꓓꓲ ꓗꓪ ꓐꓰ ꓡꓳ ꓢꓲꓸ ꓟꓯꓼ ꓓꓶꓽ ꓡꓯ ꓘꓳ ꓢꓴ ꓟꓲꓠꓓꓮꓔ-ꓑꓓꓝ

By TheLisuTimes

June 12, 2021

ကျည်မရှိတော့လို့ စစ်ကောင်စီတပ်သားတွေကို ကျောက်ခဲတွေနဲ့ ပေါက်ပြီး စစ်ကားတွေကို တက်သိမ်းခဲ့တဲ့အထိ ရဲရင့်ခဲ့တဲ့ မင်းတပ် သူရဲကောင်းတို့ရဲ့ မှတ်စုတို*****************************

(မနက်ဖြန်တွေ မသေချာတဲ့ အချိန်မို့ ဒိုင်ယာရီထဲ ရေးထားတာတချို့ ရေးတင်လိုက်ပါတယ်)၁၄၊ ၁၅ အရွယ်တွေက စပြီး လူကြီး၊ လူငယ် အရွယ်စုံက တူမီးကိုင် ရဲရဲရှေ့တိုးပစ်ကြလို့ စကစတပ်က CDF-Mindat ကို လွယ်လွယ်နဲ့ မဖြိုနိုင်ဘဲ ရှိနေတာပါလို့ ရေးဖူးပါတယ်။CDF-မင်းတပ်နဲ့ စကစတပ်ရဲ့ မင်းတပ်တိုက်ပွဲတွေက KIA, KNU လို ဟိုဘက်တောင်ကုန်းနဲ့ ဒီဘက်တောင်ကုန်းလို မဟုတ်ဘဲ.. ကားလမ်းအပေါ်နဲ့ အောက်၊ ၁၈ ကိုက်စည်းအကွာလိုမျိုးနေရာကနေ ပစ်ခတ်ကြတာပါ။ တူမီး၊ ခါးချိုးကိုင်တာဆိုတော့ လက်နက်ကြီးကျည်ဆံတွေ မိုးရွာသလိုကျနေတဲ့ကြားကပဲ မရမက အနီးကပ်တိုး တွားသွားပြီး တိုက်ပွဲဝင်ရတဲ့ အခြေအနေပါ။မင်းတပ် ဒုတိယအကျော့တိုက်ပွဲ (မေ ၁၂၊ ၁၃၊ ၁၄) ပြန်စတော့ (၃)ရက်လုံးလုံး တောက်လျှောက် မနားတမ်းတိုက်ပွဲဖြစ်တယ်။ စကစတပ်က ကျောက်ထုအမြောက်တပ်ကနေ လှမ်းပြီး လက်နက်ကြီးပစ်ကူ၊ RPG၊ မော်တာကျည်တွေ၊ စက်သေနတ်တွေနဲ့ ပထမတိုက်ပွဲ (ဧပြီ ၂၄၊ ၂၅၊ ၂၆၊ ၂၇) ကထက်ပိုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ စကစတပ်တွေက မင်းတပ်ကို ၂ ရက်အတွင်း အပြီးသိမ်းဖို့ ရည်ရွယ်ထားတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က တစ်ချိန်တည်းမှာပဲ စစ်မျက်နှာ (၃) ခုဖွင့်ပြီး တိုက်တယ်။အနောက်စစ်မျက်နှာ – မတူပီက စစ်ကူလာတဲ့ စစ်ကား ၆ စီး (အဲဒီ ၆ စီး မြို့ကို မရောက်နိုင်လို့ နောက်ထပ် ၉ စီး မတူပီကနေ စစ်ကူထပ်လွှတ်ရတယ်)မြို့တွင်းစစ်မျက်နှာ – ရဲစခန်း၊ ဘဏ်ရုံး၊ စတဲ့နေရာတွေကနေ စနိုက်ပါနဲ့ သွားလာသူတွေကို ပစ်တယ်။ ၂၇၄ တပ်ရင်းက​ေန မြို့ထဲကို လက်နက်ကြီးနဲ့ထုတယ်။အရှေ့စစ်မျက်နှာ – ကျောက်ထု​အမြောက်တပ်ကနေ စစ်ကား စုစုပေါင်း ၈ စီးဒါတွေအကုန်လုံးကို မင်းတပ် CDF က တပြိုင်နက် ခံပစ်ရတာပါ။ အဲဒီလို သိမ်းကျုံးတိုက်တာမို့လည်း စကစတပ်တွေဟာ မြို့ကိုအမြန်သိမ်းနိုင်မယ်လို့ ယုံကြည်ပုံရတယ်။ ကျောက်ထုက တက်လာတဲ့ စစ်ကား ၈ စီးကလည်း ပထမတိုက်ပွဲကလို ထွဋ်ခေါင်ကြီးဟိုတယ်ထဲ ဝင်မနားဘူး။ နေ့ချင်းပဲ မင်းတပ်ကို ဝင်စီးဖို့ ဦးတည်တဲ့အတွက် မေ ၁၃ ရက်မှာ ဂေါက်ကွင်းနားအထိ လက်နက်ကြီးနဲ့ ပစ်ရင်းတက်ရင်း ထိုးတက်လာခဲ့တယ်။ စခတွေက နပ်သွားတဲ့အတွက် ခပ်လှမ်းလှမ်းကပဲ အမြှောက်နဲ့ မနားတမ်းပစ်၊ စနိုက်ပါနဲ့ ပစ်ပြီး တူမီး၊ ခါးချိုးပစ်လို့ ရမယ့် အကွာအဝေးအထိ အကပ်မခံတော့ဘူး။ဒါပေမဲ့ မေ ၁၃ ညမှာ စကစရဲ့ တရစပ်ထိုးစစ်ကို CDF-Mindat က ဟန့်တားနိုင်ခဲ့တယ်။ စကစ စစ်ကားတစ်စီးကို မီးရှို့နိုင်ခဲ့တယ်။ လက်နက်တချို့ ရလိုက်တယ်။ နောက်နေ့ မေ ၁၄ ရက်က နောက်ဆုံးတိုက်ပွဲ။ CDF-Mindat က နောက်ထပ်ဆုတ်စရာ မကျန်တော့ဘူး။ မြို့ထဲ မဝင်အောင် အသေအကျေကာကွယ်ပြီး ပြန်ထိုးစစ်ဆင်တာပဲ။ မေ ၁၄ ရက် နေ့လည် ၁၁ နာရီ ဝန်းကျင်မှာတော့ စစ်ကား ၁ စီးသိမ်း၊ ကျန် ၅ စီးကို CDF-မင်းတပ်က မီးရှို့ပြီး လက်နက်တွေ သိမ်းနိုင်ခဲ့တယ်။ ခါးချိုး၊ တူမီးတပ်က အခုလို အင်နဲ့ အားနဲ့ လက်နက်ကြီးတွေ ပါတဲ့ စစ်ကားတန်းကိုသိမ်းနိုင်တာကို လူတော်တော်များများက မယုံကြဘူး။ မယုံတာလည်း အပြစ်ပြောလို့မရဘူး။ လက်နက်ချင်းက လုံးဝမယှဥ်သာဘူး။ ပစ်အား.. တိုက်ပွဲအတွေ့အကြုံ၊ စစ်ပညာကအစ အကုန်ကွာတာကိုး။ ဒါပေမယ့် မင်းတပ်ရဲ့ ပထဝီအနေအထား၊ မင်းတပ်ပြည်သူတွေရဲ့ စည်းလုံးမှု၊ နယ်မြေကျွမ်းကျင်မှုနှင့် အထူးသဖြင့် CDF-မင်းတပ် လူငယ်တွေရဲ့ ရဲရင့်မှု။ CDF လူငယ်တစ်ယောက်ရဲ့ စကားကို ပြောရရင် “သူတို့က ငါတို့ တူမီးတွေကို မကြောက်ဘူး။ ငါတို့ရဲ့ သေရဲသတ်ရဲတဲ့ စိတ်ကိုပဲ ကြောက်တာ”ဒုတိယ တိုက်ပွဲမှာဆို.. စကစ တပ်တွေကို ဂေါက်ကွင်းအောက်နားမှာ.. အရှေ့ကနေ၊ ကုန်းပေါ်ကနေ၊ အနောက်ကနေသေသေကျေကျေ အကုန်ဝိုင်းညှပ်တိုက်ကြတာ။တကယ် နောက်ဆုံး စစ်ကားတွေကို ဆုံးသတ်သိမ်းနိုင်ခါနီးမှာ CDF-Mindat ရှေ့တန်းက ရဲဘော်တွေဆို ယမ်းမရှိ၊ ကျည်ဆံလုံးဝမရှိတော့ဘူး။ အဲဒီအခါကျ တူမီးတွေ၊ ခါးချိုးတွေကလည်း တုတ်ချောင်းလောက်တောင် အသုံးမဝင်တော့ဘူး။ ပစ်စရာ ကျည်ဆံ လုံးဝမရှိတော့တာကို နောက်မဆုတ်ဘဲ.. CDF-Mindat လူငယ်တွေက လမ်းဘေးနားက ကျောက်ခဲတွေနဲ့ပါ ပေါက်ပြီး တိုက်ပွဲဝင်တာပါ။ ပစ်စရာ ကျည်ကလည်း ကုန်ပြီ။ စစ်ကားထဲမှာ ဒဏ်ရာရနေတဲ့ စစ်သားတွေကလှမ်းပစ်နေတဲ့ ကြားထဲက မရမက ခဲနဲ့ ပေါက်ပြီး အနိုင်ယူတာပါ။ လမ်းဘေးက ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်ကြတာ..နောက်ဆုံး ပေါက်စရာ ခဲမကျန်လို့ မြေခဲတွေနဲ့ပါ ပေါက်ရတဲ့အထိ။ ကျောက်ခဲလည်း လူကိုအထိနာစေတာပဲဆိုပြီး နောက်မဆုတ်တမ်း ပေါက်ကြတာ။၂၁ရာစု ခေတ်တိုက်ပွဲမှာ တူမီးဘေးချပြီး ကျောက်ခဲနဲ့ မရမက ရှေ့တိုးတိုက်ပွဲဝင်လို့သာ CDF-Mindat လူငယ်တွေက စစ်ကားတွေကို သိမ်းနိုင်တာပါ။(မင်းတပ်တိုက်ပွဲတွေမှာ ရှေ့တန်းက သတင်းအချက်အလက်တွေ ရယူနေတဲ့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ဝင်တစ်ဦးရဲ့ ယနေ့ ဇွန် ၁၂ ရက်မှာ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားမှု ပြန်လည် ဖော်ပြပေးခြင်း ဖြစ်သည်)Photo – CJလွတ်လပ်သော မီဒီယာအဖြစ် ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေရဲ့ အကူအညီကို လိုအပ်နေပါတယ်။ အောက်ပါ လင့်ခ်ကတဆင့် ကူညီပံ့ပိုးနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=1225398334559396&id=202214196877820