News

၄ လအတွင်း ပြည်သူ့ဘဝစုတ်ပြတ်သတ်သွားပြီ

By TheLisuTimes

June 11, 2021

ကိုဗစ် တတိယလှိုင်းအတွက် စစ်ကောင်စီက လှိုင်သာယာတွင် ကိုဗစ်-၁၉ စင်တာများ စတင်တည်ဆောက်နေတယ်လို့ သိရပြီး တည်ဆောက်နေသည့် အနေအထားသည် ယခင်ကပြည်သူ့အစိုးရခေတ်နှင့် အလွန်ကွာခြားနေသည်ကို တွေ့ရပါတယ်။

ယခင်အစိုးရ ပြင်ဆင်ပေးထားတဲ့ အနေအထား

ယခုအာဏာလု စစ်ကောင်စီ ပြင်ဆင်ပေးထားသည့် အနေအထား

စစ်အစိုးရ အာဏာလုပြီးနောက်ပိုင်း ကိုဗစ်-၁၉ သေချာကျန စစ်ဆေးမှုမရှိသလို၊ စစ်ဆေးသမျှမှာလည်း ပိုးတွေ့လူနာ မြင့်မားလာနေတာဖြစ်ပါတယ်။ ပညာရှင်များက အာဏာသိမ်းမှုဟာ လူထုဘဝကို လုံးဝပျက်စီးသွားစေမှာဖြစ်ပြီး ဆင်းရဲမွဲတေငတ်ပြတ်မှုခံစားရနိုင်ကြောင်း၊ ထို့ပြင် ကိုဗစ် တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန်ခံစားရနိုင်ကြောင်း သတိပေးနေပါတယ်။