(Htay Tint ရေးပြထားတဲ့ ရှေးဟောင်းနှောင်းဖြစ် သမိုင်းတစ်စသိစေဖို့ ပြန်လည်ဖော်ပြလိုက်ပါတယ်)=====၁၉၉၀ ဘန်ကောက် ရောက်ခါစ ထိုင်းစကားက မတတ် တတ်တဲ့ အဂ်လိပ်ကို လည်း ထိုင်းက နားမလည် //ယူနီဖေါင်း ဝတ်တဲ့သူ မြင်တိုင်း ကြောက်တဲ့ စိတ်နဲ့ အနားကပ်ပြီး လေ့လာနေတဲ့ အချိန် //လပ်စီက တက္ကသိုလ်ဆရာ နုတ်ကလစ် မိတ်ဆက်ပေးတဲ့ စက်ချုပ်လုပ်ငန်း သူဌေးမကြီးဆီမှာ ယူအန် ထောက်ပံကြေးမရခင် စက်ချုပ်စားရတာပေါ့ // ၃ လ လောက်ကြတော့ UNHCR က အသိမှတ်ပြုပြီး ထောက်ပံ့ကြေးရလာတယ် အသက်ရှု မဝ သလိုဖြစ်လာချိန်မှာ ကိုကျော်လွင် ( ကနေဒါ ) ကရင်လေးကမဟာချိုင်းမှာ ဝက်အူချောင်း လုပ်ရောင်းနေတဲ့ ထိုင်းကရင် အေ ဆိုသူနဲ့ ချိတ်မိတယ် / မဟာချိုင်ကို အုပ်စုလိုက် သွားလေ့လာတော့ ငွေရှာပြီး တော်လှန်ရေးကို ထောက်ပံနိုင်မဲ့ ဝက်အူချောင်း လုပ်ရောင်းမဲ့ အကွက်ကို မြင်ကြတော့ မဟာချိုင် ပြောင်းပြီး လုပ်ကြတာပေါ့ //ဈေးရောင်းသူ ၄ ယောက်နဲ့ ထိုင်းအလုပ်သမား ၃ ယောက် ငှားပြီး လုပ်တာ ၁ ရက် ကို ဘတ်ငွေ သောင်းကျော် ရောင်းရတယ် / စက်ရုံတွေ ဆင်းချိန်မှာ ရောင်းမနိုင် လောက်အောင် လူတိုးတော့ ဈေးသည်တွေ မနာလိုတဲ့ အထိဖြစ်လာတယ် //ခမင်လို့ အုပ်စုက အဆိုးဆုံးဘဲ သူတို့က ထိုင်းစကားတတ်တော့ အုပ်စုဖွဲ့ပြီး ကိုရဲမင်း ဈေးရောင်းနေတုံး အနောက်က အုပ်စုလိုက် သံဒုတ်တွေနဲ့ သေတဲ့ အထိ ဝိုင်းရိုက်ပြီး ထွက်ပြေးကြတယ် // ကိုရဲမင်း သေပြီလို့ ယူဆကာ သူနာပြုကားတွေ ရဲကားတွေ လာခေါ်သွားတော့မှ ဈေးသည် တယောက်က လာပြောလို့ အရိုက်ခံရတဲ့ စက်ရုံရှေ့ လိုက်သွားတော့ ထိုင်းစကားတတ်တဲ့ ကိုသိန်းအောင် ( ရခိုင် ) စောင့်နေတယ် / ကိုရဲမင်းကို ထိုင်းပုလိပ် မှုခင်းဆေးရုံ ယူသွားတာ သေချာတယ်ဘန်ကောက်မှာ ရှိတယ် ဆိုတာ လိပ်စာနဲ့ ဘေးက ထိုင်းဈေးသည်တွေဆီက သိလိုက်ရတာနဲ့ ဘန်ကောက်ကို ပြန် ပုလိပ်ဆေးရုံကို လိုက်ရတာပေါ့ //ဆေးရုံထဲရောက်တော့ ကိုသိန်းအောင်က မေးမြန်းတော့မှ လူသေရုံထဲ ပို့မဲ့ အခန်းထဲ ရောက်နေတဲ့ ကိုရဲမင်းကို တွေ့ရတယ် / UNHCR ရုံးလေးသွားပြီး သတင်းပို့ဆိုပြီး ကိုအေးသိန်းထွေး ကို ခိုင်းလိုက်တယ် // တည အိပ်ပြီး နောက်တရက် နံက်ပိုင်းမှာ အသံစွာစွာ နဲ့ မြန်မာကျောင်းသား တယောက် ရောက်လာတယ် /ဒီလူကို ဒီအတိုင်းထားရင် သေသွားမှာပေါ့ / ကျွန်တော် ကားငှားလာတယ် / မစ်ရှင် ဆေးရုံမှာ သွားကုမယ် ဆိုတော့ အသက်ရှင်ရန် ဆေးကုဖို့ လုပ်ပါပေါ့ //အဲဒီ မြန်မာကျောင်းသားလေးက သူ့ လွယ်အိပ်ထဲက သူနာပြုတွေ ဝတ်တဲ့ ကုတ်အကျီ ဆွဲထုတ်ပြီးဝတ်လိုက်တယ် / ခင်ဗျားတို့ ခပ်တည်တည်နဲ့ လူနာလှည်းတွန်းပြီး နောက်က လိုက်ခဲ့ကြ /မျက်နှာ တည့်တည်မူ ဘယ်သူမေးမေး ဘာစကားမှ မပြောနဲ့ကျွန်တော် ဖြေရှင်းမယ် ဆိုပြီး ဘန်ကောက် ပုလိပ်ဆေးရုံက သေခါနီးဖြစ်နေတဲ့ မြန်မာကျောင်းသား ကိုရဲမင်းကို ခိုးထုတ်ကာ ခရစ်ယာန် ဆေးရုံကြီးဆီကို အောင်မြင်စွာ ခိုးထုတ်နိုင်ခဲ့ကြပါတယ် // ? ? ? ? ? ? ? ?? အဲဒီ မစ်ရှင်ကြီး တခုလုံးကို တာဝန်ယူ ဉီးဆောင်ခဲ့သူက ဒီကနေ့ လူ့အခွင့်အရေး ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်နေတဲ့ ကိုအောင်မျိုးမင်း ဖြစ်ပါတယ် //* * * * * * * * * * ( ကိုရဲမင်းက ၈၈ တုံးက တတိယနှစ် ကျောင်းသားဖြစ်ကာ၂၀၁၀ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ ဖင်းစကား မတတ်တော့ တီဘီရောဂါနဲ့ ဆုံးပါးခဲ့ပါတယ်)Htay Tint source link