Education

ဧရာဝတီတိုင်းမှာ ပညာရေးဝန်ထမ်း ၄၀ ဦးနှုတ်ထွက်စာတင်

By TheLisuTimes

March 22, 2021

ဧရာဝတီတိုင်း ပညာရေးမှူးရုံးက ပညာရေးဝန်ထမ်း ၄၀ ဦးက မတ်လ ၂၁ ရက်မှာ အာဏာသိမ်းစစ်ကောင်စီအောက်မှာ အလုပ်မလုပ်ချင်တော့တာကြောင့် နှုတ်ထွက်စာတင်လိုက်ကြပါတယ်။

အခုနှုတ်ထွက်ခဲ့သူများများမှာ ဦးစီးမှူး၊ လက်ထောက် ဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး စတဲ့ ရာထူးတာဝန်ယူထားရတဲ့ ဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။

အခြားတစ်ဘက်မှာ အာဏာလု စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပညာရေး ဝန်ထမ်းတွေအတွက် သင်တန်းဖွင့်လှစ်ပို့ချနေတာဖြစ်ပြီး တစ်ချို့ ပညာရေးဝန်ထမ်းတွေ တက်ရောက်နေပါတယ်။