Opinion

အာဏာရှင်မပါတဲ့ မနက်ဖြန်

By TheLisuTimes

March 12, 2021

နွေဦးတော်လှန်ရေးပြီးတဲ့တစ်နေ့အာဏာရှင်မပါတဲ့ မနက်ဖြန်မှာပေါ့။

ချစ်တဲ့ အင်ခိုင်ဘွမ်တောင်ခြေမှာမနောကရင်း အောင်ပွဲခံမယ်

ချစ်တဲ့ ကယားတို့ဌာနေငွေတောင်ဆည်မှာ အောင်ပွဲခံမယ်

ချစ်တဲ့ဇွဲကပင် တောင်ခြေမှာဒုံးယိမ်းလေးနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့ခေါနူးသွမ်မှာဝါးညှပ်အကနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့စက်စဲကမ်းခြေမှာအပမ်းဖြေရင်း အောင်ပွဲခံမယ်

ချစ်တဲ့အညာမြေမှာဦးရွှေရိုးအကနဲ့ အောင်ပွဲခံမယ်

ချစ်တဲ့ငပလီကမ်းခြေမှာအပန်းဖြေရင်း အောင်ပွဲခံမယ်

ချစ်တဲ့ရှမ်းတို့ရိုးမမှာရှမ်းအိုးစည်လေးနဲ့ အောင်ပွဲခံမယ်

အာဏာရှင်မပါတဲ့ မနက်ဖြန်လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်း … ချစ်ခြင်းတွေအပြည့်

ဒီတစ်ခါ ချော့တိုင်းမပျော့၊ ခြောက်တိုင်းမကြောက်ညီအစ်ကိုတွေ တကယ် ညီမယ်ဆိုရင် …

နွေဦးကိုကို၁၂၊ မတ်လ၊ ၂၀၂၁