အမေရိကရောက်နေပြီး မြန်မာပြည်ပြန်ဖို့ ခက်ခဲနေသူတို့အတွက် တစ်နှစ်ခွဲသက်တမ်းအထိ ယာယီခိုလှုံနေထိုင်ခွင့်ရမည့် Temporary Protected Status (TPS Status) မတ်လ ၁၂ ရက်နေ့ကတည်းက အမေရိကန်အစိုးရက ခွင့်ပြုထားတယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံရေးအရှုပ်အထွေးကြားမှာ အိမ်ပြန်ခက်နေသည့် မြန်မာနိုင်ငံသား ၁၆၀၀ ကျော်အတွက် အကျိုးဖြစ်စေမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပြီး၊ မတ်လ ၁၁ ရက်မတိုင်မှီ အမေရိကားသို့ရောက်ရှိနေသူများအနေဖြင့် မနက်ဖြန် မေလ ၂၅ ရက်နေ့မှစပြီး Form I-821ဖြင့် USCIS သို့လျှောက်ထားနိုင်ပြီလို့ဆိုပါတယ်။
၎င်းအစီအစဉ်အရ လျှောက်ထားသူများအနေဖြင့် မနက်ဖြန် မေလ ၂၅ ရက်၊ ၂၀၂၁ မှစ၍ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၂ အထိ အမေရိကန်နိုင်ငံတွင် တရားဝင် ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်နိုင်ခွင့်နှင့် ခရီးသွားလာခွင့်များရရှိမှာဖြစ်ပေမယ့်၊ ထိုအုပ်စုမှာ ပါဝင်သူများသည် အမြဲတမ်းနေထိုင်ခွင့် ခေါ် ဂရင်းကဒ်လျှောက်ခွင့်၊ အစိုင်လင် ခေါ် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခွင့် မရှိပါ။
အသေးစိပ်ကို USCIS ဝဲ့ဘ်ဆိုက်အောက်ပါလိပ်စာတွင် ကြည့်နိုင်ပါတယ်။https://www.uscis.gov/…/dhs-announces-open-registration…