မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ရှုံ့ချကန့်ကွက်ကြောင်း အဆိုကို အမေရိကန်အောက်လွှတ်တော်က မတ်လ ၁၉ ရက်နေ့မှာ ဆန္ဒမဲအများဆုံးနဲ့ အတည်ပြုခဲ့ပါတယ်။ ထောက်ခံမဲ ၃၉၈ မဲ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ရှုံ့ချတဲ့အဆိုကို အတည်ပြုခဲ့တာဖြစ်ပြီး၊ ကန့်ကွက်မဲ ၁၄ မဲကို ရီပါပလစ်ကန် လွှတ်တော် အမတ် ၁၄ ဦးက ပေးခဲ့တာဖြစ်ပါတယ်။