Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
အမေရိကန်ရောက် နိုင်ငံတကာ လီဆူ ကျောင်းသူ/သားများ ဆန္ဒထုတ်ဖော်

International

အမေရိကန်ရောက် နိုင်ငံတကာ လီဆူ ကျောင်းသူ/သားများ ဆန္ဒထုတ်ဖော်

By TheLisuTimes

March 21, 2021

အမေရိကန်နိုင်ငံ တက်နစီးပြည်နယ်မှာ ရောက်နေကြတဲ့ နိုင်ငံတကာ လီဆူ ကျောင်းသူ/သားများက တရားမဝင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှုတစ်ရပ် လုပ်ဆောင်လိုက်ပါတယ်။ “ꓔꓱꓹ ꓜꓳ ꓟ ꓔꓯ ꓠꓲꓹ ꓠꓵ꓾ ꓟꓽ ꓔꓱꓹ ꓟ ꓢꓲꓽ ꓒꓽ ꓐꓴ ꓫꓴꓸ ꓡꓰ ꓐꓬ ꓡꓰ ꓝꓲ= ꓡꓲ-ꓢꓴ ꓞꓳ ꓫꓵꓽ ꓠꓬ ꓓꓰ-ꓟꓳ-ꓗꓯ-ꓢꓰ (ꓑ ꓫꓬ ꓙꓵꓽ ꓪ ꓙꓳ ꓟ ꓙꓵꓽ ꓚꓱꓹ ꓛꓳ ꓢꓴ) ꓞꓳ ꓫꓵꓽ ꓥꓳ=(အမှန်တရားကို ချစ်မြတ်နိုးပါ။ မတရားတဲ့ အုပ်စိုးသူတွေ ရှုံးနိမ့်ပါစေ။ လီဆူလူမျိုးက ပြည်သူဆီမှာအာဏာရှိတဲ့ အုပ်ချုပ်ရေးစနစ် (ဒီမိုကရေစီ) ကိုလေးစားလိုက်နာတဲ့ လူမျိုးဖြစ်တယ်။)” လို့ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားကြပါတယ်။ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မငွါးချယ်ရီက “Staying silent doesn’t worth it when something needs to be said. When we tolerate injustice being done, the ‘change’ we want will never happen. Neutrality helps the oppressor, never the victim. (ပြောသင့်တဲ့အချိန်မှာ ငြိမ်မနေသင့်ဘူး။ မတရားတာဖြစ်ပျက်နေတာကို သည်းခံနေရင် ကျွန်မတို့လိုချင်တဲ့ အပြောင်းအလဲ ဘယ်တော့မှ ဖြစ်မှာမဟုတ်တော့ဘူး။ ကြားနေတယ်ဆိုတာ ဖိနှိပ်ခံရတဲ့သူတွေကို ကူညီရာမရောက်ဘဲ ဖိနှိပ်သူတွေကို အားပေးရာ ရောက်တယ်)”လို့ ထုတ်ဖော်ရေးသားထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပြီး၊ ရွေးကောက်ခံ အစိုးရနှင့်ပြည်သူလူထုအား ဖမ်းဆီးမှုများ၊ နှိပ်စက်သတ်ဖြတ်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းပြည်ပက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုများလည်း တိုးတက်နေပါတယ်။