Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
အပျိုစင်အပြုံးနဲ့ နမ်ထွမ်ခူး

Culture

အပျိုစင်အပြုံးနဲ့ နမ်ထွမ်ခူး

By TheLisuTimes

January 14, 2021

ဟိမဝန္တာအရှေ့ဖျားပူတာအိုရဲ့ အနောက်စူးစူးစိမ်းညို့ညို့တောင်တန်းကြားနမ်ထွမ်ချောင်းဘေးရွာတန်းရှည် ကလေးချစ်သော နမ်ထွမ်ခူး။တရံတခါကရှမ်းတို့ရဲ့နယ်မြေလီဆူတွေ မြေတောင်းပြီးရွာတည်တည်ထောင်သူ အာဒီးဝါဖူးချစ်ကြည်ဖြူ ရှမ်းတို့အမည်မပြောင်းပဲသစ္စာထားနမ်ထွမ်ချောင်းရယ်နမ်ထွမ်ခူးရယ်ကျေးဇူး ဘယ်မမေ့၊သမိုင်းမှန် ဘယ်မရွေ့မေတ္တာတွေ ကမ္ဘာတည်သရွေ့။

ပူတာအိုက ၁၂ မိုင်ခရီးဟိုတုန်းက တောခရီးကြမ်းအဆင်းအတက်ကြမ်းပါဘိသနဲ့ချော်လည်းချော်ကျွတ်လည်းကပ်အထက ကျောင်းသားဘဝတစ်ပတ်စာ ရိက္ခာ တွေထမ်းလို့ခြေတိုအောင် လျှောက်ခဲ့ဖူးပါရဲ့ပညာရေး လက်မလျှော့တမ်းကွယ်ရွာလူငယ်တစ်စု ရုန်းခဲ့ကြတယ်၁၉၉၄-၉၉ ခုနှစ်တွေဆီပြန်ပြောင်းအောက်မေ့ လွမ်းတစ်ငွေ့ငွေ့။

ဧပြီ ၁၄၊ ပါဂျဲရိုးနဲ့အဖေရယ်၊ အစ်ကိုရယ်၊ ညီလေးရယ်၊ ကိုထွန်းနောင်ရယ်ကျွန်တော်တို့ ငါးယောက်ရွာအရောက် လည်ခဲ့ပြီဆွေမျိုးလည်းတွေ့နှောင်းဖြစ်လည်းပြောရွာဓလေ့ရိုးရာ မမေ့သာအန်ကယ်အားဂယ်ရဲ့ ယာတောမှာစားခဲ့ရတဲ့ နေ့လည်စာ တစ်နပ်ကျောက်ဖရုံသီးနဲ့ ကြက်သားဟင်းအတွဲအစပ်ညီပါ့ဘာနဲ့မှ မလဲ။

ရွာကအပြန်ချောင်းငယ်ထဲမှာ ငါးရှာနေတဲ့ ကလေးတစ်သိုက်ဟန်ဆောင်မှု မရှိမျှော်ကိုးမှုမရှိ (ခရီးသွားဒေသမှာ တွေ့ရတတ်သည့် ငွေကြေး၊ ပစ္စည်း မျှော်ကိုးမှု အရာများ)ပကတိလွတ်လပ်မှု ခံစားဂလိုဘယ်လိုက် ဇေးရှင်းလားဖြေးဖြေးပေါ့ … လို့ပြောနေသည့်အလား။

ချစ်သော နမ်ထွမ်ခူး …သင်ဟာဂျင်းမပါအပျိုစင် အပြုံးပကတိရိုးသားမှုများစွာနဲ့ဧည့်သည်ကို ဖမ်းစားခဲ့ပြီတကား။

ကိုဂျေ၂၀၊ ဧပြီ၊ ၂၀၁၈

(ကျွန်တော်နေခဲ့ဖူးတဲ့ ရွာကလေးဆီ ၂၀၁၈ ခုနှစ်က တစ်ခါတစ်ခေါက် ရောက်ခဲ့တဲ့အခါ ရေးစပ်ထားလိုက်ပါတယ်)