News

အထက်သံလွင် ရေအားလျှပ်စစ်စီမံကိန်း ပြန်စတင်

By TheLisuTimes

June 05, 2021

NLD အစိုးရ ရပ်ဆိုင်းခဲ့သော အထက်သံလွင်ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နှင့် အကြမ်းဖက် စစ်ကောင်စီတို့ စာချုပ်ချုပ်ဆိုပြီး လုပ်ပိုင်ခွင့် ပြန် အသက်သွင်းလိုက်ပါတယ်။

အဆိုပါစီမံကိန်းကို တရုတ်ကုမ္ပဏီ Hanergy Group Holding Limited နဲ့ ပြည်တွင်းက အေးရှားဝေါလ် တို့ကို အပြီးသတ်လုပ်ကိုင်ခွင့်ပြုလုပ်လိုက်တာဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀၀ ထွက်ရှိမယ့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံက ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်ပါတယ်။ လိုအပ်လာရင်တော့ သူတို့ဆီက ၅၀ ရာခိုင်နှုန်းအထိ ပြန် လည် ဝယ်ယူအသုံးပြုသွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းကို ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက် ထက်က အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်း ခဲ့တာဖြစ်ပါတယ်။