News

အကြမ်းဖက်မှုတွေကို ရပ်တန့်ရမယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆို

By TheLisuTimes

March 18, 2021

မြန်မာနိုင်ငံမှာ ဆန္ဒပြလူငယ်လူရွယ်တွေကို သတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး “အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်…၊ တွေ့ဆုံဆွေးနွေးရမယ်” လို့ ရဟန်းမင်းကြီးဖရန်စစ် မိန့်ဆိုလိုက်ပါတယ်။

ဗာတီကန်နန်းတော် စာကြည့်တိုက်ထဲမှာ ယနေ့ကျင်းပတဲ့ အပတ်စဉ် တရားပွဲကို ဟောပြောနေရင်း မြန်မာ့အရေးကို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်မှာ ကြွရောက်ခဲ့ဖူးပါတယ်။