History

သမိုင်းထဲက ဒီနေ့ – ကော်သူးလေနေ့

By TheLisuTimes

June 14, 2021

၁၉၄၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ချစ်သော ကရင်ပြည်သူလူထုများရဲ့ ကော်သူးလေ နေ့အဖြစ် ကြေညာခဲ့ပါတယ်။ ကော်သူးလေ နိုင်ငံ အဖြစ် ကြေညာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယနေ့အထိ အကောင်အထည်မဖော်နိုင်ဘဲ တိမ်မြုပ်နေခဲ့ရပါတယ်။ ကော်သူးလေဆိုတာ မကောင်းဆိုးဝါးဖိစီးမှုကင်းဝေးသော၊ ငြိမ်းချမ်းသာယာသော၊ ကိုယ်ပိုင်ပြန်ဌာန်းခွင့်ရသော ကရင်ပြည်အဖြစ် အိပ်မက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး စောဘဦးကြီးအပါအဝင် အခြားသော ကရင့်ခေါင်းဆောင်များကို လေးစားနေကြဆဲ ရှိပါတယ်။ ချစ်သော ကရင်တို့အတွက် တရားမျှတသော၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော အခြေအနေတစ်ခုသို့ အမြန်ရောက်ပါစေကြောင်း ကော်သူးလေနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်။