News

လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခံရသော အုပ်ချုပ်ရေးမှူးများ လွတ်မြောက်လာ

By TheLisuTimes

June 05, 2021

ပူတာအိုမြို့နယ် ဆွမ်ပီယန် (Sumpyi Yang) ကျေးရွာအုပ်စုမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံရသော အုပ်ချုပ်ရေးမှူးများ ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သတင်းရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတွေကို ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်က အစည်းအဝေးခေါင်းစဉ်ဖြင့် ခေါ်ယူကာ ပူတာအိုမြို့ဘက်သို့ ခေါ်ယူခံရပြီး၊ ပူတာအို မူလာရှီးဒီး ခလရ ၁၃၈ တပ်အထိ လိုက်လံ ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား – ပူတာအို လမ်းပေါ်မှာ ကေအိုင်အေက ပစ်ခတ်မှုများရှိနေသဖြင့် ယခုလို လူသားဒိုင်းအဖြစ် ဖမ်းခေါ်ခြင်းဖြစ်တယ်လို့ ဒေသခံများက ပြောဆိုနေကြပါတယ်။