News

လူမှုရေးပင်စင် ဆက်လက်ထုတ်ပေးရန် ခေတ္တပြည်ထောင်စုဝန်ကြီး ညွှန်ကြား

By TheLisuTimes

March 22, 2021

အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများကို လစဉ်ချီးမြှင့်နေသော လူမှုရေးပင်စင်အား လျာထားချက်အတိုင်း ဆက်လက်ထုတ်ပေးရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မတ်လ ၂၂ ရက်မှာ စာထုတ်ပြန် ညွှန်ကြားလိုက်ပါတယ်။

လူမှုရေးပင်စင် ပေးဝေမှုကို မူလစီမံကိန်းအတိုင်း မပြုလုပ်ဘဲ တစ်စုံတစ်ရာမှားယွင်းခဲ့လျှင် တာဝန်ရှိသူများကို အရေးယူမည်ဟုလည်း တပါတည်း သတိပေးလိုက်ပါတယ်။

ပြည်သူ့ရွေးကောက်ထားတဲ့ တရားဝင်အစိုးရက လက်နက်ကိုင် အကြမ်းဖက် အာဏာလုသူများရဲ့ ရန်ဘေးမှ ပြေးရှောင်နေရဆဲမှာပင်လျှင် မိဘပြည်သူတို့ရဲ့ အခွင့်အရေးအတွက် မားမားမတ်မတ် ရပ်တည် အရေးဆိုပေးနေတာ ဖြစ်ပါတယ်။