Oxymeter မှ ထွက်သောအဖြေအား တွက်ချက်၍ Oxygen ပေးနည်း
လူနာအား Oxymeter နဲ့တိုင်းကြည့်ပါ အဖြေက 94 နဲ့ 99 ကြားမှာရှိသင့်ပါတယ်။တိုင်းကြည့်လို့ Oxymeter မှ ထွက်လာတဲ့ အဖြေဟာ 94 အောက်ကျနေပြီဆိုရင် စိုးရိမ်ရပါတယ် ။လူနာကို Oxygen ပေးဖိုလိုအပ်နေပါပြီ *************************************94 အောက်သို့ရောက်သော Oxymeter မှထွက်လာသည့် အဖြေ ဂဏန်းကို 94 ထဲက နူတ်ပြီး 4 ဖြင့်စားပါ ။4 ဖြင့်စား လို့ အကြွင်းပျက်သွားရင် စားလဒ် ဂဏန်းအတိုင်း လူနာကို Oxygen အမှတ်ချိန်၍ပေးရပါမည် ။စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက စားလဒ်ဂဏန်းကို 1 ဖြင့်ပေါင်း၍ လူနာကို Oxygen အမှတ်ချိန်၍ပေးရပါမည် ။
ဥပမာ ။ ။ ( ၁ ) လူနာအား Oxymeter ဖြင့်တိုင်း၍ အဖြေဟာ 82 ထွက်သည်ဆိုပါစို့ …..အဆိုပါ 82 ကို 94 ထဲက နူတ်ရင် 12 ဖြစ်၍ ထို 12 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0ကြွင်း၍အကြွင်းပျက်သွားသောကြောင့် လူနာကို အောက်ဆီဂျင်ပေးသောအခါ စားလဒ် 3 အတိုင်းပဲ 3 မှတ်ပေးရမည်ဖြစ်၍ Oxygen အိုးရဲ့ flow meterမှာ 3 မှတ်အနေအထားချိန်ပြီးမှလူနာကို Oxygen ပိုက်တပ်ပေးပါ ။
ဥပမာ ။ ။ ( ၂ ) Oxymeter ဖြင့်တိုင်း၍ အဖြေဟာ 80 ထွက်သည်ဆိုပါစို့ ……အဆိုပါ 80 ကို 94 ထဲက နူတ်ရင် 14 ဖြစ်လို့ 14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး 2ကြွင်းသောကြောင့် စားလဒ် 3 ကို 1 ဖြင့်ပေါင်းသော် 4 ဖြစ်သဖြင့် လူနာကို အောက်ဆီဂျင် ပေးသည့်အခါ Oxygenအိုးရဲ့ Flow meter မှာ 4 မှတ်အနေအထားချိန်ပြီးမှ လူနာကို Oxygen ပိုက်တပ်ပေးပါ ။Oxymeter မှ အဖြေဟာ 91/92/93 ဖြစ်နေလျှင် Oxygen ပေးမည်ဆိုပါက Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အနေအထားချိန်၍ ပေးနိုင်ပါသည် ။