News

လီဆူအနုပညာရှင် ယောတီဖာ ဓာတ်ပုံ ဂုဏ်ပြုဖော်ပြခံရ

By TheLisuTimes

March 28, 2021

(၇၆) နှစ်မြောက် တော်လှန်ရေးနေ့ အထူးထုတ်စာစဉ်ထဲမှာ ဒီမိုကရေစီ အရေးကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ လီဆူအနုပညာရှင် ကိုယောတီဖာရဲ့ ဓာတ်ပုံကို ဂုဏ်ပြုဖော်ပြထားပါတယ်။

လူပေါင်း ၄၀၀ ကျော်သတ်ဖြတ်ခံရတဲ့ မတ်လ ၂၇ ရက်နေ့မှာ ထုတ်ဝေတဲ့ အထူးထုတ်စာစဉ်ထဲက “ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအိပ်မက်” ဆောင်းပါးမှာ လီဆူအနုပညာရှင် ကိုယောတီဖာ ရဲ့ လီဆူရိုးရာ ဒူးလေးကိုင်ထားတဲ့ ဓါတ်ပုံကို ဂုဏ်ပြုဖော်ပြထားတာဖြစ်ပါတယ်။

လီဆူအနုပညာရှင် ကိုယောတီဖာက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား ပြောရဲဆိုရဲရှိသူ တစ်ဦးဖြစ်ပြီး၊ မြစ်ကြီးနားမှာ ရှိနေစဉ် ဒလံတွေရဲ့သတင်း ပေးအကူအညီနဲ့ ၂၀၂၁ နှစ်၊ ဖေဖော်ဝါရီလ ၂၈ ညသန်းခေါင်ယံမှာ အဖမ်းခံခဲ့ရကာ မတ်လ ၃ ရက်နေ့မှာ မြစ်ကြီးနားထောင်သို့ ပို့လိုက်ပါတယ်။

တရားလို ဒုရဲအုပ် ရှိန်းနောင်နောင်က ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့် တရားစွဲဆိုထားကာ၊ မတ်လ ၂၂ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ နောက်ထပ်တစ်ကြိမ်ရုံးချိန်းကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ တစ်ရက် ဖြစ်တယ်လို့သိရပါတယ်။