Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the wp-appbox domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the instagram-feed domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the newscard domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
လီဆူအနုပညာရှင် ဂျေဗေး နှင့် စကားစမြည် (Interview with Lisu Artist Jay Bay)

Celebrity

လီဆူအနုပညာရှင် ဂျေဗေး နှင့် စကားစမြည် (Interview with Lisu Artist Jay Bay)

By TheLisuTimes

June 28, 2021

ဝေးလံခေါင်ဖျား မြန်မာပြည် မြောက်ဘက်စွန်း ခေါင်လန်ဖူး၊ ထမိုင်ရွာဇာတိ၊ အသက် (၆) နှစ်မှာ ဖခင်ဆုံးပါးသွားပြီးနောက် ကြုံရာဘဝမှာ ကြမ်းတမ်းစွာရုန်းကန်လာရင်း အိမ်ကလေးတစ်လုံတော့ လိုချင်တယ်လို့ရင်ဖွင့်လာသူ၊ အသက် (၂၀) ဝန်းကျင်မှာ ကိုယ့်ဝါသနာကို ရှာတွေ့ခဲ့တဲ့လို့ “စားစရာ မရှိလောက်အောင် ဖြစ်ခဲ့ရင်တောင် ချစ်တဲ့ အနုပညာကို မစွန့်လွတ်နိုင်ဘူး” လို့ဆိုလထားသူ၊ ရည်ရွယ်ထားတဲ့သူ မရှိပါဘူးလို့ ဆိုပေမယ့် မကြာခင် ပရိသတ်ဆီရောက်လာတော့မယ့် သူ့ရဲ့ဖန်တီးမှုသီချင်းတစ်ပုဒ်ကတော့ “မင်းကငါ့အတွက် (ꓠꓴ ꓠꓬ ꓥꓪ ꓐꓱ ꓶ) ꓸꓸꓸ” လို့ပြောပြလာတဲ့ လီဆူအနုပညာရှင် ဂျေဗေး နဲ့ စကားစမြည် …

(၁) မိတ်ဆက်ပေးပါဦး။အားလုံးပဲ မဂ်လာပါ ကျနော့်နာမည် ဂျေဗေး ဖြစ်ပါတယ် အနုပညာနာမည်လည်း ဂျေဗေး ပဲဖြစ်ပါတယ်။ အဖေ ဦးအယ်လီယား အမေ ဒေါ်အားဂီးယဲ့ တို့မှ 15.1.1991 ခုနှစ်မှာ ခေါင်လန်ဖူးမြို့နယ် ထမိုင်ကျေးရွာမှာမွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ က နစ်ယောက်ပဲ ရှိပါတယ်။ ကျနော့် အထက်က အစ်မ တစ်ယောက်ရှိပါတယ်။ ခုလက်ရှိ ကျနော်က ပူတာအိုမြို့ ဟိုခို ရက်ကွက် အဒေါ်အိမ်မှာ နေပါတယ်။

(၂) အနုပညာအလုပ်ကို ဘယ်အချိန်၊ ဘယ်လိုပုံစံနဲ့ စိတ်ဝင်စားပြီး ဖန်တီးဖြစ်ခဲ့ပါသလဲ။ 2012 လောက်စက အနုပညာကို လေ့လာသင်ယူရင်း စခဲ့ရပါတယ်။ ကျနော့်အသက် ၂၀ .၂၁ လောက်ကဖြစ်ပါတယ်။ 2013 .2014 လောက်က ꓮ ꓖ ꓟ ꓟꓶ ꓡꓯ. ဆိုတဲ့ သီချင်းလေးကို သူငယ်ချင်းတစ်ယောက်ကဖိတ်လို့ သရုပ်ဆောင်ပါခဲ့ရတယ်။ ကျနော် စပြီးသရုပ်ဆောင် ခဲ့တဲ့ သီချင်းဆိုရင်လည်း ဟုတ်တယ်။ အဲသီချင်းက ပေါက်လာတော့ ကျနော့်ကိုလည်း လူတွေ စသိလာကြတယ်။ နောက်တော့ တစ်ကိုယ်တော် စီးရီးတွေအထိ လုပ်ဖြစ်လာပါတယ်။ ကိုယ်ပိုင် သီချင်းရေးရတာ ကိုယ့်သီချင်း ကိုယ်ဆိုရတာ ပိုနစ်သက်ပါတယ်။ ဖန်တီးမှုတွေလုပ်နေရရင် စိတ်ဓါတ်ကျတာတွေ မဖြစ်တော့တာကို ကြိုက်တာ။

(၃) တေးရေးရတာနဲ့ တေးဆိုရတာမှာ အလုပ်သဘောအရ မတူတာလေးတွေရှိမယ်ထင်ပါတယ်။ ဘယ်ဟာကို ပိုကြိုက်ပါသလဲ။နှစ်ခုစလုံးကြိုက်တယ်။ အားတိုင်းသီချင်းရေးတာတော့ မရှိဘူး။ ခံစားချက် ထွတ်လာမှ ထရေးတတ်တဲ့ အကျင့်ရှိပါတယ်။ ဆိုရ ရေးရ အကုန် ဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပင်ကိုယ်ဝါသနာမို့ မငြီးငွေ့ပါဘူး။ လုပ်နေရရင် စိတ်က အမြဲလိုလို ပျော်ရွင်နေရပါတယ်။

(၄) အခုထက်ထိ ကိုယ်ဖန်တီးမှုတွေထဲမှာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့တဲ့သီချင်း (၃) ပုဒ်ရွေးထုတ်မယ်ဆိုရင် ဘယ်သီချင်းတွေဖြစ်မလဲ။ ဘာကြောင့်လို့ထင်ပါသလဲ။ကျနော်ရေး/ဆို ခဲ့တဲ့အထဲမှာ ခုချိန်ထိ ပရိသတ်တွေ အားပေးကြမ်းတဲ့ သီချင်းတွေကတော့ —( ꓮ ꓡꓲ ꓬꓰ )( ꓠꓲ ꓠꓵ ꓡꓳ ꓐꓯ ꓖꓶ ꓡꓯ )( ꓠꓲ ꓠꓵ ꓗꓓ ꓑꓶ ꓓꓴ ꓥꓳ )( ꓠꓲ ꓟ ꓕ ꓫ ) စတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ် ခံစား တတ်သူတိုင်းရဲ့ စိတ်ကို ထိသွားတယ် လို့ပဲ ထင်ပါတယ်။

(၅) ဘဝမှာ ပြန်ပြီးမတွေ့ကြုံချင်တော့တဲ့ အတွေ့အကြုံမျိုးရှိဖူးလား။ရှိပါတယ်။ အနုပညာဘက်မှာဆိုရင် အစီစဉ် ရိူးပွဲတွေမှာ နောက်ဆုံး အပိတ်မှ စင်ပေါ်တတ်ရတာမျိုးတွေ ကြုံဖူးပါတယ်။ မဆိုရပဲ အိမ်တန်းပြန်ခဲ့တာလည်း ရှိပါတယ်။ နောက်တစ်ခုက ကိုယ်အချိန်ပေးပြီး လုပ်ပေးရတဲ့ သီချင်း ကိုက်လိုင်း /ဟာမိုနီ / စတဲ့ဟာတွေ လုပ်ကူထားပြီး သီချင်းထွတ်လာရင် ကိုယ့်နာမည်လေး မပါလာတာကိုတော့ အတော်လေး စိတ်ပျက်မိပါတယ် ကြုံဖူးပါတယ်။ အချင်းချင်း လေးစားမှု၊ အသိအမှတ်ပြုမှု ပျက်ကွက်တာပေါ့။

ပြီးတော့ ကျနော့်ဘဝဖြတ်သန်းမှုနဲ့ဆိုရင်တော့ နောက်ခံ အတိုချုံးလေးပြောပြချင်တာပေါ့။ ကျနော့်အဖေက ဘုရားအမူတော်ဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် 6 နစ်သားအရွယ်လောက်မှာ အဖေက ကျတော်တို့မိသားစုကို ထားရစ်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သားမိသုံးယောက်ပဲ ဘဝကို ဆင်းရဲခက်ခဲမူပေါင်းများစွာနဲ့ ရုန်းကန်ပြီးနေလာခဲ့ပါတယ်။နောက်နစ်အနည်းငယ်ကြာတော့ အမေလည်း ကွယ်လွန်သွားခဲ့ပြန်ပါတယ်။ အဲနောက်တော့ အစ်မလည်း အိမ်ထောင်ပြုသွားခဲ့တယ်။ ကျနော်ကတော့ တစ်ကောင်ကြွက်ဘ၀ ဖြစ်ခဲ့ရတယ်။ ဘဝကို မျက်ရည် မျက်ခွက်နဲ့ ဆင်းရဲ ခက်ခဲ နာကျည်းမူပေါင်းများစွာနဲ့ တစ်ယောက်တည်း ရုန်းကန်လာခဲ့ရတယ်။ ဒါမျိုးတွေ ပြန်မကြုံချင်တော့ပါဘူး။

အမျိုးတွေဆီ ဟိုအိမ် ခဏနေ ဒီအိမ်ခဏ နေ ဒီလိုနဲ့ ကျောင်းကလည်း တစ်ဖက် ခက်ခက်ခဲခဲ ကျနော့် အသက် 17 နစ်လောက်ထိ ကျောင်းလည်းနေခဲ့ပါတယ်။ ဒါမဲ့ ဘဝက အဆင်မပြေတော့ ကျောင်းလည်း မပြီးခဲ့ရပါဘူး။ အဲဒီနောက်တော့ လူပျိုဖြစ်လာပြီဆိုတော့ ပိုက်ဆံရှာဖို့ ခရီးတွေ သွားတတ်လာပြီ။ ရွှေငွေရှာဖို့ ကျနော် မရောက်ဖး၊ မသွားဖူး၊ မရှာဖူးတဲ့ မော်၊ မလုပ်ဖူးတဲ့အလုပ် မရှိသလောက် အစုံလုပ်ခဲ့ရပါတယ်။ နောက် အသက် 19. 20 ဝန်းကျင်လောက်ရောက်လာတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စလုပ်ချင်လာတယ်။ ဖြစ်အောင် လုပ်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ မြစ်ကြီးနားမြို့မှာ အိမ်ငှားနေတယ်။ တစ်ခါတလေ အဆင်မပြေရင် သူငယ်ချင်းတွေအိမ်ကပ်နေရတယ်။ ဒီလိုနဲ့ ဝါသနာပါတဲ့ အနုပညာ အလုပ်ကို စပြီးလုပ်ဖြစ်ခဲ့တာပါ။အဲဒီလိုနဲ့ မြစ်ကြီးနားမှာ ဘဝကို ရုန်းကန်နေတုန်း သူများအိမ်က ခွေးလေးတစ်ကောင်လို မောင်းထုတ်ခံရဖူးတာလည်း ရှိခဲ့ပါတယ်။ ဒါမဲ့လည်း စိတ်ဓာတ်မကျပဲ ဆက်ရုန်းကန်ခဲ့ရပါတယ်။ ဒီလောက်ဆိုရင် တစ်ခါ ပြန်ကျော့ပြီး မကြုံချင်တဲ့ ကျနော့်ဖြတ်သန်းမှု ဘဝအကြောင်း နားလည်မိမယ်လို့ ထင်ပါတယ်။

(၆) သီချင်းရေး/ဆို ရာမှာ ဘယ်ဘာသာ စကားနဲ့ရေးရတာ အကြိုက်ဆုံးလဲ။ (သူများနဲ့ မတူအောင်ဘယ်လိုခံစား၊ လေ့လာရေးဖွဲ့လေ့ရှိပါသလဲ)ကိုယ်ကိုယ်တိုင်က လီဆူလူမျိုးမို့ လီဆူ သီချင်း ဆိုရတာ၊ ရေးရတာ ကြိုက်တယ်။ ညီအစ်ကို လူမျိုးတွေလည်း လီဆူ သီချင်းတွေ ကြားစေချင်တာပေါ့။ သီချင်းရေးတဲ့အခါ ပုံမှန် စာသား ချစ်တယ်၊ ကြိုက်တယ်၊ လွမ်းတယ် ဆိုတဲ့ စာသားလောက်နဲ့တော့ သိပ်မရေးချင်ပါဘူး။ ဘာပဲ ဖြစဖြစ်အနည်းဆုံးတော့ စာသားအသစ်ဆန်းလေးတွေ ရှာဖွေပြီး ရေးရတာ၊ ဘ၀ အဖြစ်အပျက် မြင်ကွင်းအသစ်ကို မိတ်ဆက်ပေးရတာ သဘောကျပါတယ်။ အဖွဲ့အနွဲ့ စာသား အသစ်အဆန်းလေးတွေ စဉ်းစားနေရတာလည်း သဘောကျတယ်။

(၇) ကိုယ့်အနုပညာအလုပ်က စားရသောက်ရဖြစ်ပါရဲ့လား။ ခွေထုတ်တာ အမြတ်ရရဲ့လား။ အထူးသဖြင့် ဒီကာလ လီဆူအနုပညာရှင်တွေအတွက် အကြီးမားဆုံးအခက်အခဲတွေက ဘာတွေဖြစ်မလဲ။လီဆူ လူမျိူးထဲမှာ ဒီအနုပညာနဲ့ စားဝတ်နေရေးဖြစ်ဖို့က (အခုထက်ထိပေါ့) လုံး၀ မရှိပါဘူး။ ဟိုအရင်က ရွာတွေမှာ ခွေသွားရောင်းရင် နစ်ထောင်ဆို များတယ်ဆိုပြီး မဝယ်ကြဘူး။ ဒါနဲ့ တစ်ရွာလုံးမှာမှ တစ်ခွေသာ ဝယ်သွားကြည့်၊ အဲခွေက တစ်အိမ်တက် တစ်အိမ်ဆင်း ငှားကြည့်ကြတော့တာပါပဲ။ ရွာပတ်ခွေပေါ့။ အဲလိုကို အားပေးကြမ်းပါတယ်။ ဖန်တီးသူတွေ အနုပညာကြေး ပြန်ပြီး ခံစားရတာမရှိပါဘူး။ မှားနေရင်သာ ထောက်ပြပြီး ပြောတတ်ကြတာ။ ခွေထုပ်ပြီး သီချင်းတွေ ပေါက်ခဲ့လည်း အရင်းမပြန်ကြပါဘူး။အခုဒီဘက်ခေတ်ကပိုဆိုးလာပါတယ်။ ခွေခေတ် မဟုတ်တော့ ကျနော်တို့အတွက် က အင်မတန် ခက်ခဲမူ ရှိပါတယ်။ ဒါမဲ့လည်း ကိုယ့်အမျိုး သီချင်း ကိုယ့်လီဆူ အသံကို ဖန်တီးရတာကြိုက်တာရယ်၊ တစ်ခြားမိတ်ဆွေ တွေကြားမှာလည်း ကြားနေစေချင်တဲ့ စေတနာ၊ ဝါသနာတွေကြောင့်ပဲ ရှိတဲ့ငွေကလေးကို ခွေလုပ်တဲ့နေရာမှာ သုံးလိုက်ကြရပါတယ်။ ကိုဗစ်ကပ်ရောဂါကလည်း မပြီးနိုင်ဘူး။ အရင်လိုရှိုးပွဲတွေရှိလာရင်၊ ခေတ် ကာလ ကောင်းလာရင် ရိူးပွဲ တွေမှာ ကြေးမြင့် ပေးစေချင်ပါတယ်။ ကျနော်တို့ အတွက်က ဒါလေးပဲ ကျန်တာပါ။

(၈) ကိုယ်သဘောကျတဲ့ အဆိုတော်ရှိသလား။ဟုတ်ကဲ့ ရှိပါတယ်။ ကျနော့်ဘ၀ မှာ ငယ်ငယ်တုန်းက အဲ့ဒီအဆိုတော် ကို အားကျပြီး တစ်နေ့ကျရင် လူချင်းမြင်ခွင့်၊ သီချင်းတွဲဆိုခွင့် ရတဲ့ထိ ကြိုးစားမယ် ဆိုတဲ့ စိတ်ရှိခဲ့တယ်။ ခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ ငယ်ငယ်တုန်းက ကျနော် အရမ်း ကြိုက်ခဲ့တဲ့ အဆိုတော်က ကို ဂျေဇာဖီ ပဲ ဖြစ်ပါတယ်။ ဒီနေ့ထိလည်း ကြိုက်နေတုန်းပါပဲ။

(၉) အခုနေ ဖန်တီးမှုတွေ လုပ်ဖြစ်သလား။ ဘယ်လိုသီချင်းမျိုးတွေ ဖန်တီးချင်ပါသလဲ။ ဘယ်တော့လောက် အသစ်တွေကိုကို ချပြဖို့ရှိမလဲ။ခုလက်ရှိ သီချင်းတွေအများပိုင်းကို Unity Band နဲ့ လုပ်ဖြစ်ပါတယ်။ ကျနော်က သီချင်း အေးအေးလေးနဲ့ ခံစားလို့ ကောင်းတဲ့ ဟာလေးတွေကို ပိုကြိုက်သလို၊ လုပ်တော့လည်း အေးအေးလေးတွေပဲ လုပ်ဖြစ်ပါတယ်။ဒီနစ် 2021 မကုန်ခင် နစ်ပုဒ်လောက် ထွတ်မယ်လို့ မျော်လင့်ထားပါတယ်။ခုလောလောဆယ် တစ်ပုဒ်တော့ ပြီးပါပြီ။ မင်းကငါ့အတွက် လို့အဓိပ္ပါယ်ရတဲ့ လီဆူသီချင်း -Nꓴ ꓠ ꓥꓪ ꓐꓱ ꓶ ꓥꓳ ဖြစ်ပါတယ်။ ထွတ်လာရင် အားပေးကြပါလို့ ပြောချင်ပါတယ်။

(၁၀) အနုပညာဆိုတာကို မိမိအမြင်နဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။ကျနော့် အနေနဲ့တော့ ကိုယ့်မှာ ရှိတဲ့ ခံစားမှု၊ ပျော်ရွင်မှု ၊ နာကျည်းမှု ဒါတွေကို ရင်ဖွင့်လိုက်ရတယ်လို့ပဲ ခံယူပါတယ်။ အနုပညာဆိုတာ ခံစားမှု ကူးစက်ပေးလိုက်တဲ့ ပညာပေါ့။

(၁၁) သီးချင်းရေး/ဆိုအနုပညာအပြင် တစ်ခြားဘာအလုပ်တွေကို စိတ်ဝင်စားပါသလဲ။ ဘဝမှာကိုယ်ဖြစ်ချင်တာကိုပြောပါဆိုရင် ဘာတွေဖြစ်မလဲ။အနုပညာ အလုပ်မဟုတ်ပဲ ကျန်တဲ့ အလုပ် ဘာမဆို အကုန် လုပ်ပါတယ်။ ဘဝက ကြမ်းတော့ ဒါတွေနဲ့ပဲ နဘန်းလုံးနေရပါတယ်။ အရင်က မိသားစု စုံညီတဲ့ဘဝကို ငါဘာလို့ မရတာလဲလို့ စဉ်းစားပြီး အခါခါ ဝမ်းနည်းခဲ့ရဖူးတယ်။ အခုလည်း ကိုယ့်ကိုယ်ပိုင် အိမ်ခြံမြေလေးနဲ့ သာယာတဲ့ မိသားစု တစ်ခုကို တည်ဆောက်ချင်တဲ့စိတ်ရှိပါတယ်။ အိမ်ကလေးတစ်လုံး ပိုင်ချင်တယ်ပေါ့ (ရယ်လျက်)။

(၁၂) ရည်ရွယ်ထားတဲ့ ချစ်ရသူရှိပါသလား။ အသက်ဘယ်လောက်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ယူဆပါသလဲ။ရည်ရွယ်ထားတဲ့ သူမရှိသေးပါဘူး။ ကိုယ်ရည်ရွယ် လိုက်တိုင်း သူများနောက် ပါပါသွားလို့ ခုဆို လုံး၀ မရည်ရွယ်တော့ပါဘူး။ (ရယ်လျက်) အသက်အရွယ်အတိအကျပြီး ဘောင်ခတ်မထားပါဘူး။ ကိုယ့်အိမ်ခြံလေးနဲ့ ဖြစ်လာရင်၊ ကိုယ့်နဲ့လက်တွဲချင်တဲ့သူနဲ့ကြုံရင် ယူရမှာပေါ့။ ကံအကြောင်းလှရင် မနက်ဖြန်လည်း ဖြစ်နိုင်တာပါပဲ၊ (ရယ်လျက်)

(၁၃) ကိုယ်ဖန်တီးတဲ့ အနုပညာတွေကို အားပေးနေတဲ့ ပရိသတ်တွေကို ဘာများ စကားပါးချင်ပါသလဲ။ကျနော့် ဖန်တီးမှုတွေကို အားပေးကြလို့ ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ကနဦး ပြောချင်ပါတယ်။ အထူးသဖြင့် ꓦ ꓐ ꓛꓲꓺꓳ ခွေဖြစ်လာဖို့ ကူညီခဲ့ဖူးတဲ့ ပူတာအို လေယာဉ်ကွင်းရပ်ကွက်က ဒေါ်အားညီဆာ နဲ့ ဒေါ်စောမီနာ တို့ရဲ့ ကျေးဇူး ဒီတစ်သက် မမေ့ပါဘူး။ ကျနော်သီချင်း လုပ်တိုင်းမှာ အမြဲလိုလို ကူညီပေးတဲ့ အတီးသမား၊ စတိုဒီယို အသံဖမ်း ဆာမိုးရီ (joy)၊ ကို ယောဆီ၊ ကို မီချယ်ဒီး၊ ကို ယောလင်း တို့ကိုလည်း ကျေးဇူး တင်ပါတယ်။ ဝန်းရံအားပေးသူရှိနေမှ ကိုယ်ဖန်တီးရတာလည်း စိတ်ခွန်းအားရှိပါတယ်။ ကျနော့်ခံယူချက်ကတော့ လုပ်နိုင်တဲ့ထိတော့ လုပ်သွားမှာပါ။ စားစရာ မရှိလောက်အောင် ဖြစ်ခဲ့ရင်တောင် ချစ်တဲ့ အနုပညာကို မစွန့်လွတ်နိုင်ဘူး ဆိုတဲ့ ဆောင်ပုဒ် ချထားပါတယ်။ အမြဲကြိုးစားပြီး အသစ်ဆန်းလေးတွေလည်း ချပြချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။