News

လီဆူအနုပညာရှင် ကိုယောတီဖာကို ရုံးမထုတ်ဖြစ်

By TheLisuTimes

April 01, 2021

မြစ်ကြီးနားမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရတဲ့ လီဆူအနုပညာရှင် ကိုယောတီဖာကို ဧပြီလ ၁ ရက်နေ့ရုံးထုတ်ဖို့ ချိန်းချက်ထားပေမယ့်၊ ရုံးမထုတ်ဘဲ ဧပြီလ ၉ ရက်နေ့သို့ ပြန်ချိန်းလိုက်ပါတယ်။

“ဒီနေ့ ကိုယောတီဖါ ရုံးချိန်းသွားခဲ့ပေမယ့် ဒီနေ့ရုံးမထုတ်ခဲ့ပါဘူး။ 9.4.2021 ရက်နေ့ကိုပြန်ချိန်းလိုက်ပါတယ်။ ဆက်လက်ဆုတောင်းကူပေးကြပါအုံး။” လို့တရားရုံးသို့ သွားရောက်ခဲ့တဲ့ သူငယ်ချင်းတစ်ဦးက ဖေ့စ်ဘုတ်မှာ အသိပေးတင်ထားပါတယ်။

လီဆူအနုပညာရှင် ကိုယောတီဖာက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား ပြောရဲဆိုရဲရှိသူ တစ်ဦးဖြစ်ပြီး၊ မြစ်ကြီးနားမှာ ရှိနေစဉ် ဒလံတွေရဲ့သတင်း ပေးအကူအညီနဲ့ ၂၀၂၁ နှစ်၊ ဖေဖော်ဝါရီလ ၂၈ ညသန်းခေါင်ယံမှာ အဖမ်းခံခဲ့ရကာ မတ်လ ၃ ရက်နေ့မှာ မြစ်ကြီးနားထောင်သို့ ပို့လိုက်တာဖြစ်ပါတယ်။