ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင် ခင်လေးနွယ်၏ မိခင်ဒေါ်ဆာဇာမေး (ခ) ဒေါ်ဆာရာ (၇၅) နှစ်သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်၊ ၃:၂၀ မိနစ်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း နာရေးသတင်းကို ရပ်နီးရပ်ဝေးမှ ဆွေမျိုးအသိတို့အား ဖေ့စ်ဘုတ်ကတစ်ဆင့် အသိပေးထားပါသည်။
နာရေး ဝတ်ပြုခြင်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၂ ရက် ၁၀ နာရီတွင် နေအိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ၁၂:၃၀ နာရီတွင် ကျန်ကြွင်းသော ရုပ်ကလပ်ကို အေးရိပ်ငြိမ်သုဿာန်တွင် ဂူသွင်းမည်ဟု သိရသည်။