News

ရန်ကုန်၊ သန်လျင် Star City အိမ်ရာ တွင် Covid-19 ရောဂါလူနာတွေ့ရှိ

By TheLisuTimes

June 09, 2021

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် မြို့ဟောင်း အနောက်ရပ်ကွက်ရှိ Star City အိမ်ရာတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ တဦးစတင်တွေ့ရှိကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အထက်အဆင့်သို့ တင်ပြစာအရ သိရပါတယ်။Star City အိမ်ရာရှိ တိုက်အမှတ် A-5၊ အခန်း ၆၀၇ တွင်နေထိုင်သူ ဇနီးမောင်နှံ နှစ်ဦး နေမကောင်းသဖြင့် ယခုလ ၄ ရက်နေ့တွင် ပန်းလှိုင်ဆေးရုံသို့ သွားရောက် ပြသရာမှ အမျိုးသားတွင် Covid ပိုးတွေ့ရှိခဲ့ကြောင်း၊ ပိုးတွေ့ရှိသူနှင့် ၎င်းနှင့် ထိစပ်ခဲ့သည့် ဇနီးဖြသ်သူတို့ကို ပန်းလှိုင်ဆေးရုံတွင်ပင် ဆက်လက်ထားရှိပြီး နေအိမ်၌ ကျန်ရစ်ခဲ့သူ အိမ်အကူ နှစ်ဦးနှင့် သားဖြစ်သူကို အဆိုပါ အိမ်ရာ အခန်းတွင် Quarantine ထားရှိကာ စောင့်ကြည့်နေကြောင်း အဆိုပါစာတွင် ဖြစ်စဉ်ကို ဖော်ပြထားပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပိုးတွေ့လူနာများ ထပ်မံတွေ့ရှိလာခြင်းကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် တို့တွင် ကျောင်းများ ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ပြန်ပိတ်ထားရပါတယ်။