International

ရင်ဆိုင်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်ရန်မရှိဟု KNU ဆို

By TheLisuTimes

March 31, 2021

ကရင်ပြည်နယ်တွင်း စစ်ကောင်စီ လက်နက်ကိုင်တို့၏ ကျူးကျော်မှုများကြောင့် KNU အနေဖြင့် ရင်ဆိုင်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်ရန်မရှိတော့ကြောင်း မတ်လ (၃၀) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရမည့် ပြည်သူလူထုအား တော်ဝင်ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုထောက်ပံ့ပေးရန် KNU က အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။