မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇ ခုမှ စာသင် ကျောင်းများကို ယနေ့ ဇွန်လ ၇ ရက်နေ့မှ စတင်ပြီး ပိတ်ထားလိုက်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။အဆိုပါ (၇) မြို့နယ်မှာ စစ်ကိုင်းတိုင်းအတွင်းရှိ တမူး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန် မြို့နယ်တို့ဖြစ်ပါတယ်။