News

မြန်မြန်ဆန်ဆန်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေတဲ့ စစ်ပွဲ ဟုဘာတဲလ်လစ်တနာဆို

By TheLisuTimes

May 19, 2021

မြန်မာပြည်မှာ လူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုအဆင့်ကနေ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် ပျောက်ကျားတိုက်ခိုက်မှုများအဖြစ်သို့ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေပြီလို့ မြန်မာ့အရေး လေ့လာရေးသားသူ ဘာတဲလ်လစ်တနာက Asia Times မှာ A wider war spreads fast and far in Myanmar ခေါင်းစဉ်နဲ့ မေလ ၁၉ ရက်နေ့မှာ ရေးသားလိုက်ပါတယ်။

ဆောင်းပါးထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုကို ကျည်အစစ်တွေနဲ့ ပစ်သတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာတွေကနေ ပြည်သူဟာ ရွေးစရာမရှိတဲ့အဆုံး ရရာလက်နက်ကိုင်စွဲပြီး ပျောက်ကြားတော်လှန်ရေးဘက်ရောက်လာခဲ့ရကြောင်း ရေးပါတယ်။

တစ်ဆက်တည်းမှာပဲ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းထောင်ပေါင်းများစွာက CDM ခေါ် အနုနည်းဖြင့် အာဏာဖီဆန်ရေးမှာပါဝင်ခဲ့ကြသလို၊ ဘဏ်ကနေ ငွေကြေးထုတ်ကြရမှာ ရာခိုင်နှုန်းတွေ အမြင့်ကြီးပေးထုတ်ကြရတာကိုလည်း ဖော်ပြထားပါတယ်။

ဆောင်းပါးရဲ့အဆုံးမှာတော့ ပညာတတ်များစွာကလည်း ပြည်တွင်းက ထွက်ခွာနိုင်ရေး ကြိုးပမ်းနေကြကြောင်း (ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်နေကြောင်း)၊ သို့သော် ယခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ အရှေ့တော်အာရှရဲ့ ခေတ်သစ်သမိုင်းမှာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ အာဏာသိမ်းမှု ဖြစ်သွားမည့်ဟန်ရှိတယ်လို့ သုံးသပ်ပြီး အဆုံးသတ်ထားပါတယ်။

ဆောင်းပါးရှင် ဘာတဲလ်လစ်တနာက မြန်မာ့အရေး၊ အရှေ့တောင်အာရှအရေးမှာ ထဲထဲဝင်ဝင်နှံ့စပ်သူ ဆွိဒင်နိုင်ငံသား သတင်းစာဆရာတစ်ဦး ဖြစ်ပါတယ်။