History

မြန်မာ့ CDM လှုပ်ရှားမှုကို ၂၀၂၂ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်း

By TheLisuTimes

March 26, 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သည့်အနေဖြင့် CDM ခေါ် လူထုရဲ့အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ၂၀၂၂ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ပညာရှင်တစ်စုက အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

” မြန်မာနိုင်ငံမှာ စီဒီအမ်လှုပ်ရှားမှုဟာ အာဏာရှင်အစိုးရကို ဆန့်ကျင်ရာမှာသော်လည်းကောင်း၊ ငြိမ်းချမ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် အကြမ်းမဖက် တိုက်ပွဲဝင်ရာမှာသော်လည်းကောင်း လမ်းကြောင်းသစ်ဖြင့် ချီတက်နေပါတယ်။ မြန်မာပြည်သူပြည်သား သန်းများစွာသည် စီဒီအမ်လှုပ်ရှားမှုကို မိမိတို့ကိုယ်တိုင်လှုပ်ရှားမှုအဖြစ် ရှုမြင်ပါဝင်နေကြပါတယ်” လို့ အမည်စာရင်းတင်သွင်းသည့်အဖွဲ့ ကဆိုထားပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ” စီဒီအမ်ပါဝင်ကြတဲ့ သူတွေအားလုံးက ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်မှုများစွာ ရှိနေသလို၊ ကမ္ဘာကလည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြမှုတစ်ရပ် ဖြစ်တာမို့ ကြိုဆို ထောက်ခံပါကြောင်း” CRPH စေလွှတ်ထားသော ကုလသမဂ္ဂဆိုင်ရာ အထူးသံအမတ်ကြီး ဒေါက်တာဆာဆာကလည်း သဘောထားထုတ်ပြန်လိုက်ပါတယ်။