News

မြန်မာ့အရေး ကန် ဝန်ကြီးနှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေး

By TheLisuTimes

June 02, 2021

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ Prayut နဲ့ ဒီကနေ့ဘန်ကောက်မှာ မြန်မာ့အရေးအပါဝင် ဒေသတွင်း နိုင်ငံရေးအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု အသေးစိတ်ကို ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် အာဆီယံကိုယ်စားလှယ်တွေလွှတ်ပြီး မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးဖို့ ဆုံးဖြတ်ချက်ကျပြီး တစ်လအလွန်အထိ ငြိမ်သက်နေတဲ့ကိစ္စကို အမေရိကန်ရဲ့ သဘောထား သတင်းစကားပေးတာလို့ သံတမန်အသိုင်းအဝန်းက ခန့်မှန်းကြပါတယ်။