Education

မြန်မာ့နွေဦး သမိုင်းသစ်

By TheLisuTimes

February 10, 2021

Politic:Poem:Education:New History of Myanmar Spring

ရှေ့ကမျိုးဆက်တွေ မဆိုင်သလိုနေရင်းငါတို့မျိုးဆက် သိမ်ငယ်ခဲ့ရတယ်သူတို့သင်ပေးခဲ့တာက “ကိုယ့်ကိုလာမထိသရွေ့ အေးဆေးနေပါ”တဲ့အဲ့ဒါ တစ်မျိုးသားလုံး ဇောက်ထိုးဆင်းမယ့် စိတ်ထားပဲ။

ဒီတစ်ကြိမ်တော့လူငယ်လေးတွေကို လုပ်ခွင့်ပေးလိုက်တော့လူညစ်တွေအားလုံး လက်ရှောင်။

လူငယ်တွေဆိုတာဦးနှောက်သံချေးမတက်တဲ့သူတွေအတွေးအခေါ်ဟောင်းတွေကို မနှစ်ခြိုက်တော့တဲ့သူတွေသူတို့က ပြည်ပရောက်ဖူးတဲ့သူတွေပါတယ်မတူတာတွေသိရလို့ မတ်တပ်ရပ်လို့ လမ်းမှာငိုဖူးသူတွေ ပါတယ်သူတို့က ဒီမိုတစ်ပိုင်းခေတ်မှာ မွေးလာတဲ့သူတွေ ပါတယ်တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းနေတဲ့သူတွေပါတယ်သူတို့က တိုင်းပြည်ရဲ့ လုပ်အားထု၊ သူတို့က တိုင်းပြည်ကိုထုဆစ်ခွင့်ရှိတယ် သူတို့က နည်းပညာကို ခုံမင်တယ်အမှန်တရားကို မြတ်နိုးတယ်။

သူတို့ဂိမ်းဆော့နေတာ အချိန်ဖြုန်းတာပဲလို့ ထင်ချင်ထင်ခဲ့လိမ့်မယ်တကယ်တော့ အာဏာရှင်ကိုတွန်းလှန်ဖို့ သူတို့ဉာဏ်ရည်သွေးနေတာတိုက်ကွက်ဖော်နေတာဒီတစ်ခါ အဖေတို့၊ အဖိုးတို့ ဒူးထောက်ခဲ့တဲ့ အာဏာရှင်ကိုဒီကလေးတွေဘယ်လို တိုက်မလဲ ကြည့်ကြအနာဂတ်က သူတို့လက်ထဲမှာ။

သူတို့က အဘိုးတို့၊ အဖေတို့လိုကိုယ့်ကိုမထိလို့ ငြိမ်နေမယ့်သူတွေ မဟုတ်ဘူးတိုင်းပြည်စုတ်ပျက်နေတာ သူတို့သိတယ်ဒီတစ်ချက်နဲ့တင် ရှေ့ကမျိုးဆက်ထက် သာသွားပြီလေ။

သူတို့က အာဏာရူး၊ ပါတီစွဲတွေလိုထိုင်ခုံနိုင်ငံရေးစိတ်မဝင်စားဘူးကိုယ်ကျိုးကွက်ကြည့်တာကို ရှက်ရကောင်းမှန်းသိကြတယ်ဒါကလည်း လေးစားစရာပါပဲ။

သူတို့က ကမ္ဘာကြီးနဲ့ဆက်သွယ်နိုင်တယ်အဘိုးတွေ၊ အဖေတွေလို အု… အိ အိ အ အမ် မဖြစ်ဘူးဘာသာစကားရော၊ နည်းပညာပါ ရင်းနှီးတဲ့သူတွေဦးနှောက်သံချေးမတက်တဲ့သူတွေအတွေးအခေါ်ဟောင်းတွေကို မနှစ်ခြိုက်တော့တဲ့သူတွေ ခြိမ်းခြောက်လို့မရတဲ့ generation Z တဲ့။

ကဲ လူငယ်လေးတွေဒီတိုင်းပြည်ကို ထုဆစ်ခွင့်ပြုကြပါတော့ဘာအပြောင်းအလဲမှ မလုပ်နိုင်တဲ့နိုင်ငံရေး သမ္ဘာကြီးယောင်ယောင်လူညစ်တွေ အားလုံး လက်ရှောင်နေပါမရှောင်ရင် ကြေသွားမယ်နိုင်ငံရေး သေသွားမယ်။

လူငယ် တွေ အမျိုး၊ ဘာသာ၊ သာသနာတွေ မပြောဘူးတရားမျှတမှုကိုပဲ ကျယ်ကျယ်လောင်လောင်ပြောတယ်လူကြီးတွေလက်သင့်မခံရဲတဲ့ (သိသိကြီးနဲ့)အမှန်တရားကို မြတ်နိုးလက်သင့်ခံရဲကြတယ်လွတ်လပ်ခွင့်အတွက် ရှေ့ထွက်ရဲကြတယ်။

ကျွန်စိတ်ရှိတဲ့သူတွေ ကျွန်ပိုင်ရှင်တွေနဲ့ ပလဲပနံသင့် နောက်မှာနေရစ်ခဲ့ကြလူငယ်တွေ သခင်စိတ်နဲ့ ထိုးထွက်ပြီလေ။ ကိုယ်က အုပ်ချုပ်မခံရင်ဘယ်သူမှ အုပ်စိုးလို့မရဘူးဆိုတာ ပြနေပြီ မြန်မာ့နွေဦး ၂၀၂၁ မှာ။

လူကြီးဆိုသူတွေ၊ သူရဲကောင်းဆိုသူတွေမိုးမြင့်အောင် ပြောနေတဲ့ တိုင်းပြည်ချစ်စိတ်ဆိုတာပိုင်လှဟုတ်လှပြီထင်တဲ့အကွက်ဆိုတာတွေကိုဟက်ကာ လူငယ်လေးတွေက ထိုင်ရာမထ မျက်စိမှိတ်ပြီး ဆော့သွားမယ်။

လူငယ်တွေရေးမယ့် သမိုင်းသစ်အာဏာရူးတွေကို ဖယ်ထုတ်တဲ့သမိုင်းအာဏာရှင်တွန်းလှန်မှုပုံစံအသစ်ခပ်ညံ့ညံ့တွေကို ခေါင်းဆောင်မထားဘူးအားလုံးက ခေါင်းဆောင်တွေပဲ။

ကြည့်ထား လူငယ်တွေရဲ့အားလူငယ်တွေရဲ့အစွမ်း။

ကိုဂျေ၈၊ ဖေဖော်၀ါရီ၊ ၂၀၂၁