Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: mb_convert_encoding(): Handling HTML entities via mbstring is deprecated; use htmlspecialchars, htmlentities, or mb_encode_numericentity/mb_decode_numericentity instead in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-php/src/Facebook/InstantArticles/Transformer/Transformer.php on line 249

Deprecated: Creation of dynamic property Facebook\InstantArticles\AMP\AMPHeader::$headerBar is deprecated in /home/techmmne/public_html/lisutimes.com/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPHeader.php on line 51
မြန်မာ့စစ်အင်ပါယာ တစ်စစီ ပြိုလဲတော့မလား

News

မြန်မာ့စစ်အင်ပါယာ တစ်စစီ ပြိုလဲတော့မလား

By TheLisuTimes

February 20, 2021

News: Will Burma’s military empire collapse?

🔺 Anonymous တကွက်ထုတ်ပြလိုက်ပြီလွန်ခဲ့တဲ့ ရက်အနည်းငယ်က Anonymous ဟာ မြန်မာနိုင်ငံသားများအတွက် အမှန်တရားဖော်ထုတ်ပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ #OPMyanmar ဟုတ်ထုတ်ပြန်ပြီး ပါဝင်ခဲ့တာတွေ့ရပါတယ်။ တချိန်ထဲမှာပဲ သူတို့ဟာ အာဏာရှင်စစ်တပ်ကို သတိပေး ခြိမ်းခြောက်တဲ့ video ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း Video အသစ်တခုထုတ်ပြန်ခဲ့တာ ထပ်မံတွေ့ရှိရပါတယ်။ Video ထွက်ပြီးနောက်မှာ သူတို့ဟာ File Size: 330.5 GB တောင်ရှိတဲ့ မြန်မာနိုင်ငံရဲ့ လျို့ဝှက်အချက်လက်များစွာကို ထုတ်ချပေးလိုက်ပါတယ်။ 🔺 File ထဲမှာပါဝင်လာတာတွေကတော့:မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းကြီးများ၏ သိန်းနှင့်ချီသော မှတ်တမ်းမှတ်ရာများ◼ ကုမ္ပဏီ မှတ်ပုံတင်ပါ အချက်အလက်များ (စက်ဖြင့်အလိုအလျောက် ဖတ်ရှုနိုင်သော ဖော်မက်)◼ ကုမ္ပဏီပေါင်း ၁၂၀၀၀၀ တို့၏ စာရွက်စာတမ်းများနှင့် ကုမ္ပဏီ အရာရှိများ၏ မှတ်ပုံတင် မိတ္တူများ◼ အများနှင့်ဆိုင်သော တင်ဒါ ၃၀၀၀ကျော်◼ ကုမ္ပဏီဆိုင်ရာ မြန်မာ ဥပဒေ စာရွက်စာတမ်းမျိုးစုံ◼ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို တိုက်ဆိုင်စစ်ဆေးနိုင်သည့် ဘဏ္ဍာရေးနှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်မှတ်တမ်းများ🔺 AntiGovAnon Tweets

ဤဖိုင်များသည် Distributed Denial of Secrets (DDOS) မှ ဖော်ထုတ်ထားသော အချက်အလက် မှတ်တမ်းများ ဖြစ်ပါသည်။ သာမာန်မြန်မာပြည်သူများ ယခင်က တကြိမ်မှ သိရှိကြည့်ရှုခွင့် မရခဲ့သည့် စစ်တပ်နှင့် ၎င်းတို့၏အပေါင်းအပါ ခရိုနီများ၏ စီးပွားရေးလုပ်ငန်း အသေးစိပ် အချက်အလက်များကို ၃၃၀GBရှိသည့် မြန်မာ့ဘဏ္ဍာရေးဖိုင်များအဖြစ် DDOSက ဖော်ထုတ် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာ့ဦးပိုင်လီမိတက်၏ မတရားအမြတ်ထုတ်မှုများကို ယင်းဖိုင်များမှတဆင့် မွှေနှောက်စုံစမ်း ဖော်ထုတ်ကြပါ။ ဖိုင်ဆိုက် ကြီးပါသည် ၃၃၀GB။ မိမိလုံခြုံရေးအတွက် VPN ခံပြီးမှ ဒေါင်းရန်အကြံပြုပါသည်။ ◼ DDOS ဆိုက်မှ ဒေါင်းရန်

https://ddosecrets.com/wiki/Myanmar_Financials◼ မြန်မာ့ ဘဏ္ဍာရေးဖိုင်များ သို့မဟုတ် ဦးပိုင်၂၃ဖိုင် အာခိုက်များကို ဒေါင်းရန်

https://jfm-files.s3.us-east-2.amazonaws.com/public/mehl.zip