News

မိုးဗြဲ ရဲစခန်းကို PDF သိမ်း

By TheLisuTimes

May 23, 2021

မေလ ၂၃ ရက်နေ့ မနေ့ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သိမ်းယူလိုက်တယ်လို့ သတင်းတက်လာပါတယ်။ပြည်သူ ၂ ယောက် ထိထားပြီး၊ စစ်ကောင်စီ လက်နက်ကိုင် ၁၃ ဦးသေဆုံးပြီး၊ အရှင် လေးဦးကို လက်နက်နဲ့အတူ ဖမ်းမိထားတယ်လို့ သိရပါတယ်။ ထို့ပြင် မိုးဗြဲထွေအုပ်ရုံးလည်း မီးလောက်ပြာကျသွားကြောင်း သိရသည်။